ရွှေဘိုမြို့ ကုန်းဘောင်ဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

       ရွှေဘိုမြို့၊အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် ဇွန်လ ပထမပတ်တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံ ပန်းသီးတစ်လုံးလျှင် (၈၀၀)ကျပ်မှ (၂၅၀၀)ကျပ်ထိ၊ ပန်းသစ်တော်သီး တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ မန္တလေးပွဲရုံများမှ မှာယူရောင်းချသည့် ကျွဲကောသီး တစ်လုံးလျှင်(၂၅၀၀)ကျပ်၊ ရွှေသခွားသီး တစ်လုံးလျှင် (၈၀၀)ကျပ်မှ (၁၅၀၀)ကျပ်ထိ၊  သခွားမွှေး တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ ဒူးရင်းသီး တစ်လုံးလျှင် (၁၁၀၀၀)ကျပ်မှ (၂၁၀၀၀)ကျပ်ထိ၊ မင်းကွတ်သီး တစ်လုံးလျှင် (၃၀၀)ကျပ်မှ (၇၀၀)ကျပ်ထိ၊လိုင်ချီးသီး တစ်ပိဿာလျှင်(၈၅၀၀)ကျပ်၊   ရမည်းသင်း မြို့မှ ထွက်ရှိသည့် စပျစ်သီး(အဝိုင်းသီး) တစ်ပိဿာ (၈၀၀၀)ကျပ်၊စပျစ်သီး (အချွန်းသီး) တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ဆားတောင်မြို့ နှင့် ရွှေပန်းကုန်းရွာမှ ထွက်ရှိသည့် ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင်(၁၈၀၀)ကျပ်မှ (၂၅၀၀)ကျပ်၊ဖရဲသီး တစ်လုံးလျင် (၂၀၀၀)ကျပ်မှ (၃၅၀၀)ကျပ်ထိ၊ စိန်တစ်လုံး သရက်သီး တစ်လုံးလျှင် (၃၀၀)ကျပ်မှ (၈၀၀)ကျပ်ထိ၊ ပိန္နဲသီး တစ်လုံးလျှင်(၃၅၀၀)ကျပ်မှ (၆၀၀၀)ကျပ်ထိ၊နာနတ်သီး တစ်လုံးလျှင် (၁၅၀၀)ကျပ်၊ မာလကာသီး တစ်လုံးလျှင်(၃၅၀)ကျပ်၊ ဗန်းမော်မြို့မှ မှာယူရောင်းချသည့် သစ်ကြားသီး တစ်လုံးလျှင် (၁၅၀)ကျပ်ဖြင့် အသီးသီး အရောင်းအဝယ် ဖြစ်နေကြောင်း ကုန်းဘောင်ဈေးအတွင်း ရောင်းချသော သစ်သီးဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)