ပြည်မျှစ်စပ် ဈေးကောင်းရနေ

Powered by Drupal

       ပြည်ဈေးကွက်အတွင်း၌ ယခုမေလကုန်တွင် မျှင်ဝါးမှထွက်ရှိသောမျှစ်စပ်များ အဝင်စိပ်လာကာ ဈေးနှုန်းမှာ ပေါ်ခါစ ဧပြီလကုန်နှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်းသိရပြီး ပြည်ဈေးကွက်သို့ရွှေတောင်၊ ရေနံမြေကြို့ကုန်းဘက်မှ အဓိကဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။ ပေါ်ခါစ ဧပြီလကုန်တွင် မျှစ်စပ်(၁၀) ကျပ်သားလျှင် ကျပ်(၂၀၀၀) ခန့်ရှိပြီး ယခုမေလကုန်တွင် (၁၀)သားလျှင်(၁၂၀၀မှ ၁၅၀၀)ခန့်ရှိသည့်အတွက် ပျမ်းမျှကျပ် (၅၀၀)နှုန်းခန့်ကျဆင်းသွားကြောင်း သိရှိရပါသည်။ ယခင်နှစ်တွင် ဖြစ်ပေါ်ခဲ့သော မျှစ်စပ်ဈေးမှာ (၁၀)ကျပ်သားလျှင် (၇၀၀)ကျပ်ဖြစ်ခဲ့၍ ယခုနှစ်နှင့်နှိုင်းယှဉ်ပါက  မျှစ်စပ်လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ဈေးကောင်းရသောနှစ်တစ်နှစ်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)