ရာသီစာထန်းသီး ပြည်ဈေးကွက်တွင်အရောင်းအဝယ်ဖြစ်

Powered by Drupal

       ထန်းသီးနုနုများသည် သဘာဝ၏ ဂျယ်လီနှင့်တူပြီး ထန်းသီးမနုမရင့်လေးများကို ကျောက်ကျောထိုးစားလို့ရပါသည်။ ထန်းသီးဆိုသည်မှာ အညိုရောင်ထန်းသီးထဲတွင်ပါသည့် အဆန်လေးများဖြစ်ပါသည်။ ထန်းသီးတစ်လုံးတွင် အဆန်(၃)ခု သို့မဟုတ် (၄)ခုအထိပါရှိပါသည်။ အသီး၏လုံးပတ်သည် ၄လက်မ၊ ၇လက်မလောက်ရှိပြီး ထန်းသီးဆန်၏အခွံမှာ အဝါရောင်သန်း နေတက်ပါသည်။ အဆန်မှာ အဖြူရောင်ဖြစ်ပြီး နုသည့်အဆန်မှာ အကြည်ရောင်ဖြစ်နေတက်ပြီးနူးညံ့ကာ အရည်လည်းရွှမ်းပါသည်။

       ထန်းသီးပင်များသည် အညာဒေသတွင် ပေါများသကဲ့သို့ ပြည်မြို့နယ်အတွင်းရှိ ဘန့်ပြင်ကျေးရွာတွင် စိုက်ပျိုးကြသလို ရွှေတောင်မြို့နယ်အတွင်းရှိ ညောင်စာရေးမြို့နယ်၊ ပန်းတင် ကျေးရွာတွင်လည်း ထန်းပင်များကိုစိုက်ပျိုးကြပါသည်။ ထန်းသီးနုနုများကိုယခုအချိန်ဖြစ်သော မေလကုန်တွင် ဈေးကွက်သို့ရောင်းချသဖြင့် လူအများဝယ်ယူစားသုံးကြပါသည်။ ထန်းသီးကို ဈေးကွက်တွင် ရောင်းချရာ အလုံးလိုက်ရောင်းချသလို ထန်းသီးအိမ်မှထုတ်၍လည်း ထန်းသီးနုနုများကိုရောင်းချကြောင်း သိရှိရပါသည်။ ၂၀၂၄ခုနှစ်၊ မေလကုန်တွင် ဈေးကွက်တွင် ရောင်းချသည့် ထန်းသီးဈေးနှုန်းများမှာ ထန်းသီးအလုံးတစ်လုံးလျှင် ၇၀၀ကျပ်ဖြင့်လည်းကောင်း ထန်းအဆန် တစ်အိမ်လျှင် (၂၀၀-၃၀၀) ကျပ်ဖြင့်ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)