ဗမာသံပရာသီးစစ်စစ်ဈေးကွက်

Powered by Drupal

     မေလကုန်၊ ဇွန်လထဲသို့ဝင်ရောက်လာပြီဖြစ်သဖြင့် ဗမာသံပရာသီးများလည်း အနည်းငယ်ပေါများလာပြီဖြစ်ပါသည်။ ယခုအချိန်အခါ၌ မိုးများရွာသွန်းလာသောကြောင့် အလုံးမှာ နွေသံပရာသီးလောက် မသေးဘဲ အရွယ်လည်းကြီး၊ အရည်လည်းရွှမ်းလာပြီး ဈေနှုန်းတန်စွာဝယ်ယူရရှိနေပြီဖြစ်ပါသည်။ ဗမာသံပရာအကြီးတစ်အိတ်လျှင် အလုံးရေ ၁၈၀၀နှုန်းပါဝင်ပြီး တစ်လုံးကို ၁၅၀ကျပ်ဖြင့်ရောင်းချပြီး သံပရာအလတ်တစ်အိတ်လျှင် အလုံးရေ ၂၄၀၀ခန့်ပါဝင်ပြီး တစ်လုံးကို ၇၀ကျပ်ဖြင့်ရောင်းချကြောင်းနှင့် အရမ်းတန်သောဈေးနှုန်းဖြင့် ခြံမှ တိုက်ရိုက်ရောင်းချခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)