![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/321_2.jpg?itok=RaWTgxGD)
ဂန္ဓမာပန်းတွင် မျိုးကွဲပေါင်းများစွာရှိပြီး ပန်းမျိုးများ၏ အပွင့်၏ပုံစံ၊ အရောင်၊ အရွယ်အစားပေါ်မူတည်၍ အမည်အမျိုးမျိုးခေါ်ဝေါ်ကြပါသည်။ ဂန္ဓမာပန်းမျိုးကွဲများစွာအနက် ကြွေဖြူ၊ ကြွေဝါ၊ ပုလဲဖြူမျိုးများကို ပြည်မြို့အတွင်းရှိ မှော်ဇာ၊ တောင်လုံးညိုရွာနှင့် ရွှေတောင်မြို့နယ်ရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ထွက်ရှိလာသောဂန္ဓမာပန်းများကို ဈေးကွက်အတွင်း ရောင်းချလျက်ရှိရာ ၂၀၂၄ခုနှစ်၊ မေလကုန်တွင် ဂန္ဓမာပန်း (၁၀)ပွင့်စည်း တစ်စည်းလျှင် (၃၅၀၀-၃၀၀၀-၂၀၀၀)ကျပ်ဈေးနှုန်းဖြင့် ပန်းပင်အမျိုးအစားနှင့် အပွင့်အရွယ်အစားပေါ် မူတည်၍ ရောင်းချကြပါသည်။ ပြည်မြို့နှင့် ရွှေတောင်မြို့နယ်များမှထွက်ရှိသော ဂန္ဓမာပန်းများကို ရန်ကုန်မြို့ရှိဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)