ကျွန်းလှမြို့ပေါ်ရှိ ဘိလပ်မြေ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု ၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကြီးကြပ်ကွပ်ကဲမှုတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၃)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့ပေါ် ရပ်ကွက်များရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ အပတ်စဉ်သွားရောက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ကွင်းဆင်းစစ်ဆေးရာ ကျွန်းလှမြို့နယ်အတွင်းရောင်းချနေသော ဘိလပ်မြေအရောင်းဆိုင်များတွင်   ဘိလပ်မြေဝယ်ယူရရှိမှု အခြေအနေ၊ ဘိလပ်မြေအမျိုးအစားများ ၊ တစ်အိတ်ချင်းစီ၏ တစ်အိတ်ဈေးနှုန်း၊ ပစ္စည်းပြတ်လတ်မှုရှိ/မရှိ ကုန်ပစ္စည်းလက်ကျန်အခြေအနေမျာကို မေးမြန်းခဲ့ရာ ဈေးကွက်အနေဖြင့် ကျွန်းလှမြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းနှင့် ဈေးနှုန်းအနေဖြင့် ကြံ့နှစ်ကောင် အမှတ်တံဆိပ် ဘိလပ်မြေဈေးနှုန်းမှာ တစ်အိတ်လျှင် ကျပ် ၁၄၀၀၀ ၊ CROWN အမှတ်တံဆိပ် 525အမျိုးအစား တစ်အိတ်လျှင် ကျပ်၁၆၀၀၀၊ CROWN အမှတ်တံဆိပ် 425 အမျိုးအစား ဘိလပ်မြေ တစ်အိတ်လျှင် ကျပ် ၁၅၅၀၀ တို့ဖြင့် ဈေးနှုန်း အတက်အကျပေါ်မူတည်၍ ရောင်းချပေးလျက် ရှိကြောင်း နှင့် ဘိလပ်မြေဆိုင်များတွင် ပစ္စည်းပြတ်လတ်မှုမရှိကြောင်း၊ ကုန်ပစ္စည်း လက်ကျန်ရှိကြောင်း မေလနောက်ဆုံးအပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုဇွန်လ ပထမအပတ်တွင် ယခင်အပတ်အတိုင်း ဘိလပ်မြေဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း သိရှိခဲ့ရပါသည်။

DOCA(စစ်ကိုင်း)