စိန်တလုံးသရက်သီး ဈေးကွက်တစေ့တစောင်း

Powered by Drupal

      စိန်တလုံးသရက်သီးများသည် မေလဒုတိယပတ်အတွင်း စတင်၍ ပြည်တွင်းဈေးကွက်သို့ ရောက်ရှိလာနေပြီး၊ စိန်တလုံးသရက်သီးများကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခြံများတွင် စီးပွားဖြစ် စိုက်ပျိုး၍ ပြည်တွင်းဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိနေပါသည်။

    ရောင်းချရာတွင်  Size အမျိုးအစားခွဲ၍ A –Size ၊ B-Size ၊ C -Size ဟူ၍ ရောင်းချရာ ယခင် မိုးရာသီတွင် မိုးရွာသွန်းမှုနည်းပါးပြီး မိုးရေချိန်ရရှိမှု နည်းပါသည့်အတွက် အသီးထွက်ရှိမှု နည်းပါခြင်း၊ အသီးအရွယ်အစားသေးငယ်သည့်အတွက် ယခုနှစ် ရောင်းချရာတွင် B-Size၊ C –Size ဟူ၍ နှစ်မျိုးသာ ရောင်းချလျက် ရှိနေပါသည်။

     အသီးပါဝင်မှုအနေဖြင့် 15kg B-Size ၁ ခြင်းတွင် (၅၀ မှ ၅၅) လုံးခန့်နှင့် 12kg ဂျပ်ဖာ-၁ဖာ တွင် (၄၄)လုံးခန့်၊ 15kg C-Size ၁ ခြင်းတွင် အလုံး ၆၀ နှင့် အထက်နှင့် 12kg ဂျပ်ဖာ-၁ဖာတွင် အလုံး ၅၀နှင့် အထက်ပါရှိပြီး ဈေးနှုန်းများအနေဖြင့်  ဈေးကွက်မှ သိရှိရပါသည်။

DOCA(ဧရာဝတီ)