ရွှေတောင်မြို့နယ်တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သရက်တောရပ်ကွက်၊ ယုဇနလမ်းရှိ ကံ့ကော်အောင် ရှောက်တောင့်လုပ်ငန်းသို့ (၃၁-၅-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်း‌များအဖွဲ့သည် သွားရောက်၍ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံရန် ကွင်းဆင်းခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းလေ့လာရာတွင် စီးပွားရေးလုပ်ငန်းရှင် ဦးမျိုးမင်းနိုင် (ကံ့ကော်အောင်ရှောက်တောင့်)လုပ်ငန်းမှ ရှောက်တောင့်များပြုလုပ်ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိမရှိစစ်ဆေးပြီး စားသုံးသူဥပဒေပါ စားသုံးသူလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ ရှောက်တောင့်ထုတ်လုပ်ဖြန့်ိမှု၊ ဈေးနှုန်းဈေးကွက်အခြေအနေတို့ကိုဆွေးနွေးခဲ့ကြောင်းပါသည်။

DOCA(ပဲခူး)