ပြည်ငရုတ်သီးစိမ်းဈေးနှုန်းမြင့်တက်

Powered by Drupal

       ပြည်ဈေးကွက်အတွင်းရောင်းချနေသော ငရုတ်သီးစိမ်းအမျိုးအစားများမှာ ကျောက်စိမ်းငရုတ်သီး၊ ငရုတ်သီး (စပ်သီး) ပင်နံသီး စသည့်အမျိုးအစားများဖြစ်ပြီး ပြည်မြို့ပေါ်   စည်ပင်သာယာဈေးများသို့ ပြည်ဒေသတစ်ဝိုက်မြို့နယ်များဖြစ်သော ပေါင်းတလည်၊ သဲကုန်း၊ ပုတီးကုန်း၊ အင်းမ၊ ဝက်ပုတ်၊ ဆင်မြီးဆွဲ၊ ဝက်ထီးကန်၊  ဇီးအုပ်၊ နတ်တလင်းနှင့် ပြည်ခရိုင်အတွင်းမြို့နယ်များဖြစ်သော ပေါက်ခေါင်း၊ ပန်းတောင်း၊ ရွှေ‌တောင် စသည့်နယ်များမှ ကျောက်စိမ်းနှင့် စပ်သီးငရုတ်သီးများ အများအပြားဝင်ရောက်မှုရှိပြီး ပင်နံငရုတ်သီးမှာ အနည်းငယ်သာဝင်ရောက်မှုရှိ၍ ရန်ကုန်ဘက်မှ ပြန်လည်စီးဝင်မှုရှိကာ တချို့စပ်သီးအမျိုးအစားများမှာ မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့ဘက်မှ တိုင်းကျော်စီးဆင်းဝင်မှုရှိနေကြောင်းသိရသည်။

         ၂၀၂၄ခုနှစ်၊ မေလကုန်တွင် ကျောက်စိမ်းငရုတ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၂၅၀၀-၃၀၀၀)ခန့်ရှိပြီး ပင်နံသီးမှာ ကျပ် (၂၀၀၀၀-၂၂၀၀၀)ခန့်ရှိသည့်အတွက် ကျောက်စိမ်းသီးနှင့် ပင်နံသီးဈေးနှုန်းမှာ မေလဆန်းမှစ၍ ဈေးနှုန်းမြင့်တက်လာပါသည်။ ယခင်ဧပြီလကုန်တွင် ကျောက်စိမ်းငရုတ်သီးစိမ်း ၁ပိဿာလျှင် ကျပ်(၂၀၀၀)နှုန်းရှိပြီး ယခင်ဧပြီလကုန်တွင် ပင်နံငရုတ်သီး ၁ပိဿာလျှင် ကျပ်(၈၀၀၀-၁၀၀၀၀) နှုန်းရှိခဲ့သဖြင့် ယခုဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ပျမ်းမျှအားဖြင့် ကျပ်(၁၀၀၀၀)ခန့်မြင့်တက်လျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)