မြန်မာ့တို့စရာဒညင်းသီး

Powered by Drupal

    ဒညင်းသီးသည် မိုးဦးကျကာလမှ ပေါ်တတ်သောအသီးတစ်မျိုးဖြစ်ပြီး မြန်လူမျိုးများအ‌နေဖြင့် ကြိုက်နှစ်သက်သော အစားအစာတစ်မျိုးလည်းဖြစ်ပါသည်။ ဒညင်းသီး အစိမ်းနုနုလေးကို  တို့စားခြင်း၊ ပြုတ်၍အတို့အမြှပ်အနေဖြင့် လည်းကောင်း၊ ဒညင်းသီးကို ပြုတ်၍ ဆီဆမ်း၍ ဆားအနည်းငယ်ထည့်ပြီး စားသုံးမှုရှိသလိုဝက်သားနှင့်ရော၍ ဟင်းချက်စားသုံးမှုရှိကြောင်း ၊ထို့အပြင် ဆားရည်စိမ်၍လည်းကောင်း၊ သဲမြေထဲတွင် အပင်ဖောက်၍ ဒညင်းဝက်ပြုလုပ်၍လည်းကောင်း စားတတ်ကြသည်။ဒညင်းသီးစားခြင်းဖြင့် ခံတွင်းအနံ့ထွက်ခြင်း ဆီးနှင့်ဝမ်းတွင်းအနံ့ဆိုး ဖြစ်ပေါ်စေတတ်ခြင်း ခန္ဓာကိုယ်တွင် အဆိပ်အတောက်အဖြစ် တည်ရှိနေပါသည်။ ဒညင်းသီး စားခြင်းဖြင့် ဘေးထွက်ဆိုးကျိုး မဖြစ်စေရန် ဒညင်းသီးမှာပါဝင်သောအဆိပ်သည် ရေမှာ ပျော်ဝင်တဲ့အဆိပ်မျိုးဖြစ်သည့်အတွက် အဆိပ်ဓာတ်နည်းစေရန် ရေစိမ်၍သော်လည်းကောင်း၊ ရေဆူဆူတွင် ပြုတ်၍သော်လည်းကောင်း၊ ဆားရည်စိမ်၍သော်လည်းကောင်း ကျန်းမာရေး အတွက် ဂရုပြု၍စားသင့်ကြောင်းသိရပါသည်။

          ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုသိမ်မြို့တွင် မြန်မာ့တို့စရာ ဒညင်းသီးသည် ၁လုံးလျှင် ကျပ် ၁၀၀/၂၀၀ ဈေး၊ (၁၀)လုံးလျှင်ကျပ် ၁၀၀၀/၂၀၀၀ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဒညင်းသီးသည် စတင်ပေါ်သည့်ကာလဖြစ်သည့်အတွက် ဈေးကောင်းရရှိကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)