၂၀၂၄ခုနှစ်၊ မေလအတွင်းဖြစ်ပေါ်ခဲ့သော ဆိပ်ဖြူကြက်သွန်နီ ဈေးနှုန်းဈေးကွက်နှင့် ကုန်စည်စီးဆင်းမှု

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့၊ ကြက်သွန်နီကုန်စည်ဒိုင်ဈေးကွက်နှင့် ပွဲရုံများသို့ မေလအတွင်း နွေကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး တစ်ရက်လျှင် ကုန်ချိန် ပျမ်းမျှပိဿာ (၂)သောင်းမှ (၅)သောင်းခန့်ဝင်ရောက်ကြောင်း၊ ဒေသတွင်းကြက်သွန်နီအများဆုံးစိုက်ပျိုးသော ဆိပ်ဖြူမြို့ပေါ်ရှိ ရွာသစ်၊ အနောက်ပိုင်းရပ်ကွက်များနှင့် ကိုးတောင့်အုပ်နှင့် လိပ်ခြံ၊ ရွာသစ်ကြီး၊ ကပိုင်၊ ကံတွင်း၊ ချင်တောင်၊ အောက်ဆိပ်၊ ကျောင်းရွာ၊ ကုန်းရွာ၊ ကူရှည်ရွာမ/ အလယ်စုရွာများ၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ပွင့်ဖြူ၊ စလင်း၊ တညောင်မြို့များမှ အများဆုံးဝင်ရောက်မှုရှိပြီး တစ်လအတွင်း ကုန်ချိန်ပိဿာ(၁၅)သိန်းခန့်ဝင်ရောက်လျက်ရှိကြောင်း ဈေးကွက်မှသိရှိရသည်။

      ကြက်သွန်နီဈေးနှုန်းဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ မေလ(ပထမပတ်)တွင် နွေကြက်သွန်နီ (ဂျွန်) တစ်ပိဿာလျှင် အမြင့်ဈေး(ထိပ်စရှယ်) ကျပ်(၂၁၀၀-၁၈၀၀-၁၆၅၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မေလ(ဒုတိယပတ်)တွင် ထိပ်စအမြင့်ဈေး ကျပ်(၂၀၀၀-၁၈၀၀-၁၆၀၀)ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်း၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ မေလ(တတိယပတ်)လည်း ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၂၀၀၀-၁၈၀၀-၁၆၀၀)ဖြင့် ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ မေလ(စတုတ္ထပတ်) တွင် ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၈၀၀-၁၇၀၀-၁၆၀၀)ဖြင့် ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပြည်ပဝယ်လိုအားဈေးကွက်နည်းခြင်းကြောင့် ဈေးကျဆင်းသွားကြောင်း၊ မေလအတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၃၀၀)ခန့်ဈေးနှူန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်‌နေကြောင်း ဈေးကွက်မှသိရှိရပါသည်။ ယခုမေလအတွင်း၌ ကြက်သွန်နီဈေးကျဆင်းချိန်တွင် မြို့ပေါ်ရှိ လှောင်လက်ကုန်သည်များက နယ်ကျေးရွာများထိဆင်းပြီး ဝယ်ယူသိုလှောင်မှုများ၍ ဈေးကွက်သို့ ဝင်ရောက်မှုနည်းကြောင်းသိရှိရပါသည်။

        ကုန်စည်စီးဆင်းမှုအနေဖြင့် မေလအတွင်း ဆိပ်ဖြူမြို့မှ ကြက်သွန်နီကုန်ချိန်ပိဿာ(၁၅)သိန်းခန့်၊ တန်ချိန်အားဖြင့် တန်(၂၄၅၀)ခန့်ကုန်စည်စီးဆင်းခဲ့ကြောင်း၊ ရန်ကုန်ဘုရင့်နောင်ပွဲရုံနှင့် ပြည်၊ ပုသိမ်မြို့များသို့ အဓိကထားတင်ပို့လျက်ရှိပြီး ပြည်ပသို့တင်ပို့မှုနည်းကြောင်း ကြက်သွန်နီကုန်စည်ဒိုင် ဈေးကွက်မှသိရှိရပါသည်။

DOCA(မကွေး)