ဆိပ်ဖြူမြို့၌ဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းများ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ဆန်လိုဒေသဖြစ်သောကြောင့် ဆန်စပါးအများဆုံးစိုက်ပျိုးထွက်ရှိရာ ဒေသများဖြစ်သော အခြားတိုင်းဒေသကြီးများနှင့် မြို့နယ် များမှ ဆန်များဝယ်ယူတင်သွင်းလျက်ရှိသောမြို့ဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်း၊ စလင်း၊ ရှောက်တော၊ တောင်တွင်းကြီးမြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်၊ မြောင်းမြမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုဒေသများမှလည်း ကုန်းလမ်းမှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိသည်။ ဇွန်လ(ပထမပတ်)တွင် ဆန်(အသစ်နှင့်အဟောင်း)များဝင်ရောက်လျက်ရှိကြောင်းသိရှိရသည်။

    ၂၀၂၄ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆန်ဈေးနှုန်းများမှာ ဆင်ဖြူကျွန်း ဧရာပဒေသာဆန်တစ်အိတ်လျှင် ကျပ်(၁၇၀၀၀၀)၊ စလင်းဆန် ဒို့ရွှေအိုး(အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၆၅၀၀၀)၊ စလင်းဆန် ဒို့ရွှေအိုး(အသစ်)တစ်အိတ်လျှင် ကျပ်(၁၅၅၀၀၀)၊ ဆင်ဖြူကျွန်း မနောသုခဆန် (အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၃၃၀၀၀)၊ ဆင်ဖြူကျွန်း မနောသုခဆန် (အသစ်)တစ်အိတ်လျှင် ကျပ်(၁၁၀၀၀၀)၊ ဆင်းသုခဆင်ဖြူကျွန်း(အဟောင်း) တစ်အိတ်လျှင် ကျပ် (၁၃၅၀၀၀)၊ မနောသုခ ဆင်ဖြူကျွန်းဆန်(အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၃၅၀၀၀)၊ မနောသုခ ဆင်ဖြူကျွန်းဆန်(အသစ်) တစ်အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊ မြန်မာပြည်အောက်ပိုင်းရှိ မြောင်းမြဧရာပဒေသာဆန် (အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၃၃၀၀၀)၊ မြောင်းမြရာပြည့် ဖန်သီးဆန်(အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀)၊ မြောင်းမြဆန် စိန်ပုလဲသု(အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀)၊ ဖန်သီးအောင်တံခွန်ဆန်(အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ရွှေဘိုပေါ်ဆန်းမွှေး(အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၈၀၀၀၀)၊ ရွှေဘိုပေါ်ဆန်းမွှေး(အသစ်) တစ်အိတ်လျှင် ကျပ်(၁၆၈၀၀၀)၊ မြောင်းမြ ပေါ်ဆန်း(အဟောင်း) တစ်အိတ်လျှင် ကျပ်(၁၈၀၀၀၀)၊ မြောင်းမြပေါ်ဆန်း(အသစ်) တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ ကောက်ညှင်းဆန်(အသစ်) တစ်ပြည်လျှင် ကျပ်(၆၀၀၀)၊ ကောက်ညှင်းဆန်(အသစ်) တစ်အိတ်လျှင် ကျပ်(၁၄၀၀၀၀)၊ ငချိတ်ဆန်တစ်ပြည်လျှင် ကျပ်(၇၅၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ကြောင်းသိရှိရပါသည်။

      ယခင်မေလ (စတုတ္ထပတ်)ဈေးနှုန်းနှင့်နှိုင်းယှဉ်ရမည်ဆိုလျှင် ဈေးအတက်အကျမရှိဘဲ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(မကွေး)