ပခုက္ကူမြို့မဈေးတွင် နေပြည်တော်မှထွက်ရှိသော သပြေငုတ်များ၏ ဈေးနှုန်းဈေးကွက်

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ကံ့ကော်သပြေ၊ ရွှေဝါသပြေများကို ရွာသစ်ကုန်း၊ ကုက္ကိုလ်လှ၊ သင်္ဘောကုန်း၊ စံပယ်ကုန်း၊ ကျွန်းဦး၊ ကျွန်းညိုကျေးရွာများတွင် ဆယ်နှစ်ရာသီစိုက်ပျိုးလျက်ရှိပါသည်။ ဒေသထွက်သပြေပန်းများသာမက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်မှထွက်ရှိသော ရက်တစ်ရာသပြေငုတ်၊ မြင်းခြံခရိုင်မှထွက်ရှိသော ရက်တစ်ရာသပြေငုတ်နှင့် နေပြည်တော်မှထွက်ရှိသော သပြေငုတ်များမှာ ရောင်းအားကောင်းလျက်ရှိကြောင်း မြို့မဈေးသည်များထံမှသိရှိရပါသည်။ ရောင်းအားကောင်းရခြင်းမှာ သပြေငုတ်များ ရေရှည်အထားခံ၍ ခိုင်ခန့်သောကြောင့်ဖြစ်ပါသည်။

       ကံ့ကော်သပြေနှင့် ရွှေဝါသပြေတို့၏ဈေးနှုန်းမှာ လက်စည်းတစ်စည်းလျှင် ကျပ်(၃၀၀)၊ ကိုင်းတုတ်တစ်စည်းလျှင် ကျပ်(၅၀၀)၊ ကျောက်ဆည်သပြေငုတ် ရက်တစ်ရာတစ်စည်းလျှင် ကျပ်(၃၀၀၀မှ ၄၀၀၀)၊ မြင်းခြံ ရက်တစ်ရာသပြေငုတ်တစ်စည်းလျှင် ကျပ်(၃၅၀၀)၊ နေပြည်တော်သပြေငုတ်မှာ အငုတ်အကြီးအသေးအပေါ်မူတည်၍ လှပဝဲဖြာနေသော အငုတ်ကြီးတစ်ငုတ်လျှင် ကျပ်(၂၅၀၀)၊ အငုတ်လတ်တစ်ငုတ်လျှင် ကျပ် (၁၀၀၀မှ ၁၅၀၀)၊ အငုတ်သေးတစ်ငုတ်လျှင် ကျပ်(၈၀၀)၊ အငုတ်သေးလက်စည်းတစ်စည်းလျှင် ကျပ်(၁၀၀၀) ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း၊ နေပြည်တော်သပြေငုတ်များမှာ နေ့စဉ် ခြင်းကြားဖြင့် အလုံး(၂၀)ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)