လူမျိုးဘာသာမရွေး ကြိုက်နှစ်သက်သည့် ရာသီစာ အင်ဥ

Powered by Drupal

    မိုးဦးကျအချိန်တွင် မြန်မာလူမျိုးများအကြိုက်  ရာသီစာအင်ဥများထွက်ပေါ်လာကြပြီး ကရင်ပြည်နယ် ရေပေါ်ဈေးတွင် အင်ဥများရောင်းချနေကြသည်ကို တွေ့ရသည်။ အင်ဥကို နို့ဆီဘူးဖြင့် ချိန်တွယ်ရောင်းချပြီး ယခုနှစ်အင်ဥ ပေါက်ဈေးမှာ တစ်ဘူးလျှင် ၃၀၀၀/ ကျပ်ဖြစ်ကြောင်း သိရသည်။

    အင်ဥသည် မိုးဦးကျရာသီတွင် ထွက်ပေါ်လေ့ရှိပြီး စားလိုက်လျှင် ထုတ်ထုတ်နှင့် အင်မတန် စားကောင်းသော  စားစရာတစ်မျိုးဖြစ်သည်။ ကန်ဇွန်းဥ ဆိုလျှင် ကန်ဇွန်းပင်၏ ဥ ဖြစ်ပြီး အင်ဥဆိုသောကြောင့် အင်ပင်မှ ဥဖြစ်မည်ဟု ထင်မြင်ယူဆစရာဖြစ်သော်လည်း ၎င်းအင်ဥသည် ကြွေကျနေ သော အင်ရွက်များ မိုးရေများထိတွေ့ရာမှပေါက်လာသော အရာသာရှိသော မြေအောင်းမှို အမျိုးအစား တစ်မျိုးပင်ဖြစ်သည်။

   အင်ဥများသည် အပြင်အခွံတွင်မည်းနေတတ်သည်။  အတွင်းပိုင်းတွင်ဖြူဖွေးသော အင်ဥများမှာ လတ်ဆတ်သော အင်ဥများဖြစ်ပြီး အတွင်းပိုင်းမည်းနေသော အင်ဥအား အင်ဥရင့်များဟု ခွဲခြားနိုင်သည်။ အင်ဥများကို အရွယ်တော်လှီးပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုပ်သီးသီးစိမ်းများဖြင့် မွှေးမွှေးစပ်စပ်လေး ကြော်ချက်စားသောက်ပါက မိုးဦးကျထမင်းမြိန်သည့် လူမျိုးဘာသာမရွေး ကြိုက်နှစ်သက်သည့် ဟင်းလျာတစ်ခွက်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ကရင်)