စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ မရမ်းကုန်းမြို့နယ်၊ ၉မိုင် Ocean ရှိ ဒေသခံပြည်သူများ စားသောက်ကုန်အမျိုးမျိုးတို့အား ဝယ်ယူသုံးစွဲရာတွင် အစားအစာဘေးကင်းလုံခြုံမှုရှိစေရန်၊ စနစ်တကျဝယ်ယူစားသုံးနိုင်ရန်နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ မေလ(၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မရမ်းကုန်းမြို့နယ်၊ ၉မိုင် Ocean ၌ အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် စားသုံးဆီအမျိုးမျိုးတို့တွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးနှင့် မြို့နယ်တာဝန်ခံတို့ပူးပေါင်း၍ ၉မိုင် Ocean ရှိ အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် စားသုံးဆီအမျိုးမျိုးအားရောင်းချရာတွင် သက်ဆိုင်ရာဌာနများမှညွှန်ကြားထားသော ကုန်အညွှန်းအမှတ်အသားဆိုင်ရာလိုက်နာရမည့်အချက်များ၊ မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက် ရေးသားဖော်ပြရမည့်အချက်များ၊ စံချိန်စံညွှန်းကိုက်ညီမှုမရှိသော အစားအသောက်များ၊ (FDA) ၏ခွင့်ပြုချက်မရှိသော စားသောက်ကုန်များ၊ သက်တမ်းကုန်းဆုံးသော အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် စားသောက်ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ရန် စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကိုဆွေးနွေးခဲ့ပြီး အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)