Ocean Super Center အား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၅)ဦးတို့သည်  ၄-၆-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၅၀) နာရီအချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Ocean Super Center သို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၂၆၄)၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ စက်မှုဇုန်(၁)ရှိ Ocean Super Center ရှိ ကလေးကစားစရာအရုပ်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် Fire Police, Super Race, COGO, Fire Department, Magic Cube, Hand Cannon flying SAUCER, LEDI Block Set, Frozen Fever, Model World နှင့် လက်ဝှေ့အိတ်အားလုံးတို့တွင် အမျိုးအမည်၊ အရွယ်အစား၊ သုံးစွဲပုံနည်းလမ်းနှင့် သတိပေးချက်ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ၎င်းနောက် ဌာနအနေဖြင့် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ Ocean Super Center မန်နဂျာ ဒေါ်လဲ့သဥ္ဇာအား အမှတ်တံဆိပ်ပြည့်စုံသောပစ္စည်းများကိုသာ အဓိကရွေးချယ်၍ရောင်းချပေးရန်နှင့် ဈေးဝယ်စင်တာသို့ လာရောက်ပစ္စည်းတင်သွင်းသူများကိုလည်း ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော ပစ္စည်းများကိုလက်ခံခြင်းမပြုရန် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)