သန့်စင်စတိုးဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄)ဦးတို့သည်  ၄-၆-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် အင်းစိန်မြို့နယ်ရှိ သန့်စင်စတိုးသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အမှတ်(မ/၂၃)၊ လှိုင်မြစ်လမ်း၊ ကွက်သစ်ရပ်ကွက်ရှိ သန့်စင်စတိုးရှိ ကလေးကစားစရာအရုပ်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ရာ၌ Robot, Super Race, COGO, Fire Department, Magic Cube, Hand Cannon flying SAUCER, LEDI Block Set, Frozen Fever နှင့် Model World တို့တွင် အမျိုးအမည်၊ အရွယ်အစား၊ သုံးစွဲပုံနည်းလမ်းနှင့် သတိပေးချက်ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ မိမိတို့ဌာနမှလည်း ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ သန့်စင်စတိုးတာဝန်ခံ ဦးဟိန်းမင်းဇော်အား အမှတ်တံဆိပ်ပြည့်စုံသောပစ္စည်းများကိုသာ အဓိကရွေးချယ်၍ရောင်းချပေးရန် မိမိတို့စတိုးသို့ လာရောက်ပစ္စည်းတင်သွင်းသူများကိုလည်း ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော ပစ္စည်းများကိုလက်ခံခြင်းမပြုရန် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)