ကန်ထရိုက်လယ်ယာစနစ်ဖြင့် နွေစပါးစိုက်ပျိုး

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၂ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် သဖန်းဆိပ်ဆည်နှင့် အခြားဆည်များမှ ရေလုံလောက်စွာရှိသဖြင့် (၂၅၁၃၁၀)ဧကစိုက်ပျိုးရန် လျာထားကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရပါသည်။ နွေစပါးကို ယခင်နှစ်က စိုက်ပျိုးခဲ့သော ရွှေဝါထွန်း၊ IR 747၊ ဘီဂျီစသည့် စပါးမျိုးများအပြင် မြန်မာနိုင်ငံတွင် ကန်ထရိုက်လယ်ယာစနစ် ပီပြင်စွာဆောင်ရွက်လာစေရန်ရည်ရွယ်၍ CHAN MYAE ZAYAR COMPANY LIMITED ၏ ချိတ်ဆက်ပေးမှုဖြင့် စိုက်ပျိုးသည့် တောင်သူဦးကြီးများနှင့် ကြိတ်ခွဲထုတ်လုပ်သည့် ဆန်စက်လုပ်ငန်းရှင်များ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်ရေး နှစ်ဦးသဘောတူ ကတိစာချုပ်ချုပ်ဆို၍ စိုက်ပျိုးမည့် အစီအစဉ်ရှိကြောင်း သိရှိရပါသည်။

          ကန်ထရိုက်လယ်ယာစနစ်ဖြင့် ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှ ဆန်စက်လုပ်ငန်းရှင်နှစ်ဦး၊ ရွှေဘိုမြို့နယ်မှ ဆန်စက်လုပ်ငန်းရှင်နှစ်ဦး၊ ကန့်ဘလူခရိုင်၊  ဇီးကုန်းမြို့မှ  ဆန်စက်လုပ်ငန်းရှင်တစ်ဦးတို့က တောင်သူဦးကြီးများနှင့် ချိတ်ဆက်၍ ချမ်းမြေ့မေစပါးအမျိုးအစား (၁၅၈၁)ဧက၊ Jasmine-5စပါးအမျိုးအစား (၁၀၆)ဧကနှင့် RD-43စပါးအမျိုးအစား(၁၄၄)ဧက စုစုပေါင်း(၁၈၃၁)ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)