ကန့်ဘလူခရိုင်၌ ဆီထွက်သီးနှံ မိုးမြေပဲများ စတင်စိုက်ပျိုး

Powered by Drupal

   မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်သည်။  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ဒေသတွင်းစားသုံးဆီဖူလုံစေရေးဆီထွက်သီးနှံ မိုးမြေပဲများ စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

    ကန့်ဘလူခရိုင်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်လည်း ယခင်နှစ်ကဲ့သို့ မိုးမြေပဲဧကငါးသောင်းကျော်စိုက်ပျိုးရန် လျာထားလျက်ရှိပြီး မေလကုန်အထိ ၂၅၉၃ ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း မြေစာရင်းဦးစီးဌာနမှ သိရသည်။၊ မြေပဲသီးနှံကို မိုးဦး၌ မေလနှင့်ဇွန်လများတွင် စိုက်ပျိုးကြကြောင်း ၊ မိုးမြေပဲထက် ဆောင်းမြေပဲကိုပိုမိုစိုက်ပျိုးကြောင်း စိုက်ပျိုးထုတ်လုပ်မှုစာရင်းများအရ သိရသည်။ မိုးမြေပဲများကို ကန့်ဘလူခရိုင်အတွင်းရှိ နေရာအနှံအပြားတွင် စိုက်ပျိုးလျက်ရှိကြောင်း၊ မြေပဲစိုက် စိုက်ပျိုးရန် အသင့်တော်ဆုံးမြေအမျိုးအစားမှာ နုံးမြေနှင့်သဲမြေတို့ဖြစ်ကြောင်း၊ မြေပဲမှထွက်ရှိသည့် မြေပဲဖတ်ကို တိရစ္ဆာန်အစာဖြစ်လည်းကောင်း၊ မြေပဲသီးနှံမှ မြေပဲဆီ၊ မြေပဲယို၊ မြေပဲလှော် စသည့် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ရောင်းချကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)