မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် အညာဒေသလယ်တွင်း းကိုးခရိုင်တွင်ပါဝင်ပြီး ဆည်ရေသောက်စနစ်ဖြင့် စပါးများအား အဓိကစိုက်ပျိုးလျက်ရှိပါသည်။ ကျောက်ဆည်ခရိုင်တွင် မိုးစပါးစိုက်ပျိုးမှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် (၁၅၆၄၅၅)ဧကစိုက်ပျိုးခဲ့ပြီး၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင်(၅၂၇၉၉)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၂၉၁၅၆)၊ မြစ်သားမြို့ နယ်တွင်(၆၁၂၈၇)ဧက၊ တံတားဦးမြို့နယ်တွင်(၁၃၄၆၅)ဧက၊ စုစုပေါင်း(၁၅၆၇၀၇)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၎င်းမိုးစပါးစိုက်ဧကအားလုံးရိတ်သိမ်ပြီးကြောင်း သက်ဆိုင်ရာစာရင်းများအရ သိရှိရပါသည်။ ယခင်ကတောင်သူများသည် မိမိအိမ်မှစပါးများကိုသာ မျိုးအဖြစ်အသုံးပြုကြောင်း၊ ယခုအခါ တောင်သူများသည် နှစ်စဉ်မျိုးကောင်းမျိုးသန့်များကိုသာ ဝယ်ယူ၍ အသုံးပြုကြောင်း၊ အများစုမှာ ဧရာပဒေသာစပါးမျိုးကို အဓိကစိုက်ပျိုးလျက်ရှိပြီး ဧရာပဒေသာမျိုး(၁)တင်းလျှင် (၁၅၀၀၀)ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးလျက်ရှိကြောင်း၊ ယခုနှစ်တွင်မိုးရွာသွန်းမှုကောင်းသောကြောင့် အထွက်နှုန်းပိုမိုကောင်းမွန်ကြောင်း၊ တောင်သူများသည် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်ကို ပြောင်းလဲအသုံးပြုသောကြောင့် အချိန်ကုန်သက်သာပြီးလုပ်ငန်းများတွင် ကျယ်လျက်ရှိကြောင်း၊ ယခင်ကတောင်သူများသည် လယ်ထွန်ခြင်း၊စပါးရိတ်သိမ်းခြင်း၊စပါးသယ်ယူခြင်းများကို နွားများ၊ လူများကိုသာအသုံးပြုသော်လည်း ယခုအခါလယ်ထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက်၊ ထော်လာဂျီများကို အသုံးပြုလျက်ရှိကြောင်း၊ မိုးစပါး(၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုးစေ့၊ စိုက်ပျိုးစရိတ်၊ ထွန်ယက်ခြင်းနှင့် ရိတ်သိမ်းခြင်း အပါအဝင်စုစုပေါင်းကုန်ကျငွေ(၄၁၀၀၀ဝိ/-) ကျပ်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့်(၁)ဧကလျှင် (၈၃-၈၅)တင်းထွက်ရှိကြောင်း စပါးဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင်ဧရာပဒေသာတင်း(၁၀၀)လျှင် (၉၀၀၀၀၀-၉၅၀၀၀၀)ကျပ်ရှိပြီး၊ ယခုနှစ်တွင် စပါးအရည်အသွေးပေါ်မူတည်၍ (၈၅၀၀၀၀-၉၀၀၀၀၀)ကျပ်ရှိပြီး၊ အကျိုးအမြတ်အနေဖြင့် (၁)ဧက လျှင်(၃)သိန်းကျပ်ခန့်ရရှိကြောင်း တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။ ကျောက်ဆည်မြို့ရှိ ဆန်ဈေးနှုန်းအနေဖြင့် ဧရာပဒေသာ(၁)အိတ်လျှင် (၃၄၀၀၀-၃၅၀၀၀)၊ မနောသုခ(၁)အိတ် လျှင်(၂၇၀၀၀)ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိပြီး ကျောက်ဆည် မြို့ရှိ ကုန်သည်၊ စက်ပိုင်များသည် ပဲခူးတိုင်းမှစပါးများအား ဝယ်ယူ၍ကြိတ်ခွဲရောင်းချလျက်ရှိရာ သုခတင်း (၁၀၀)လျှင် (၇၆၀၀၀ဝိ/- ၇၇၀၀၀ဝိ/)ကျပ်ဖြင့် စက်အရောက် ဝယ်ယူရပြီး သုခဆန် (၁)အိတ်လျှင် (၂၇၅၀၀)ကျပ် ၊ ဆန်ကွဲ(၃၀)ပိဿာ (၁)အိတ်လျှင် (၂၁၀၀၀)ကျပ်နှင့် ဖွဲနု(၁၈)ပိဿာ (၁)အိတ်လျှင်(၈၅၀၀-၉၀၀၀)ကျပ် ရောင်းချလျက်ရှိကြောင်း စုံစမ်းမေးမြန်းမှုအရ သိရှိရပါသည်။
DOCA(မန္တလေး)