အင်းစိန်မြို့နယ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

        ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဒုတိယဦးစီးမှူးပါ (၃)ဦးတို့သည် အင်းစိန်မြို့နယ်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၅-၆-၂၀၂၄)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် အမှတ်(၂၀၄)၊ မာလာနွယ်(၁)လမ်း၊ အင်းစိန်မြို့နယ်ရှိ မိုးသောက်ပန်းဆေးဆိုင်မှ ဆိုင်တာဝန်ခံ ဒေါ်ခင်စန်းရီနှင့် နေ့လယ် (၁၂း၀၀) နာရီအချိန်တွင် အမှတ် (၂၀-က) လမ်းသစ်လမ်း၊ နံ့သာကုန်းရပ်ကွက်၊ အင်းစိန်ပန်းခြံအနီး အင်းစိန်မြို့နယ်ရှိ တော်ဝင်ဆေးဆိုင်မှ ဆိုင်တာဝန်ခံ ဒေါ်သီတာဝင်းတို့နှင့်သွားရောက်တွေ့ဆုံကာ ဆေးဆိုင်အတွင်းရှိ ဆေးဝါးရောင်းချမှုအခြေအနေတို့ကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

       ထိုသို့စစ်ဆေးရာတွင် မိုးသောက်ပန်းဆေးဆိုင်အတွင်း၌ ဆေးဝါးအမျိုးအစားပေါင်း (၃၀၀)ကျော်ရှိကြောင်း၊ အဆိုပါဆေးများကို Dr.Reddy’s Co.,Ltd၊ United Pharma Co.,Ltd နှင့် Sun Pharma Co.,Ltd မှ ဝယ်ယူရောင်းချကြောင်း၊ ၎င်းနောက် တော်ဝင်ဆေးဆိုင်၌မူ ဆေးဝါးအမျိုးအစားပေါင်း (၄၀၀)ကျော်ရှိကြောင်း၊ အဆိုပါဆေးများကို PA I Co.,Ltd၊ Mega Co.,Ltd၊ VS Phama Co.,Ltd၊ R’OASTS Co.,Ltd နှင့် Zizawa Co.,Ltd မှ ဝယ်ယူရောင်းချကြောင်း၊ အဆိုပါဆိုင်များမှာ ဝယ်ယူသည့်ဈေးနှုန်းအပေါ်  (၅%)မှ (၁၀%)အမြတ်တင်ရောင်းချခြင်းဖြစ်ကြောင်း၊ ပစ္စည်းပြတ်လပ်မှုလည်းမရှိကြောင်းပြောကြားခဲ့ပြီး ဌာနအနေဖြင့် ပစ္စည်းမှန်၊ ဈေးမှန်ဖြင့်သာရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုကိုစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)