“ ခရမ်းမြို့နယ်အတွင်းရှိ ဆန်ဂိုဒေါင်နှင့် ဆန်ဆိုင်ကြီးများ၏ ဆန်ရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဇွန်လ(၃)ရက်နေ့တွင် ခရမ်းမြို့နယ်အတွင်းရှိ ဆန်ဂိုဒေါင်နှင့်ဆန်ဆိုင်ကြီးများ၏ ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအားသိရှိနိုင်ရန်အတွက် ခရမ်းမြို့နယ်စည်ပင်သာယာရေးမြို့မဈေးအတွင်း/ အပြင်နှင့် ရပ်ကွက်၊ ကျေးရွာများ၌ ဝယ်ယူဖြန့်ဖြူးပြီး လက်လီ/ လက်ကားရောင်းချလျက်ရှိသော ဆန်ဂိုဒေါင်နှင့် ဆန်ဆိုင်ကြီးများသို့ ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဆန်အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းမြင့်တက်မှုမရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်မှုရှိစေရေးတို့အတွက် ခရမ်းမြို့နယ် (၂)ရပ်ကွက်၊ ကမ်းနားလမ်းရှိ ဒေါ်သောင်းသောင်းရှိန်ဆန်ဆိုင်နှင့် ခရမ်းမြို့နယ်စည်ပင်သာယာရေးမြို့မဈေး၌ ဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော ကရင်ကန်ဆန်ဆိုင်တို့မှ လုပ်ငန်းရှင်များနှင့်သွားရောက်တွေ့ဆုံ၍ ဆန်ဝယ်ယူဖြန့်ဖြူးရောင်းချနေမှုအား မေးမြန်းစုံစမ်းခဲ့ရာ ဆန်ဆိုင်များအနေဖြင့် မြို့နယ်အတွင်းရှိ ဆန်စက်များနှင့် ဘုရင့်နောင်ပွဲရုံ၊ ပုဇွန်တောင်ဈေးပွဲရုံတို့မှ ဝယ်ယူဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ အခြားဆန်ဆိုင်များအနေဖြင့် ဒေသထွက်စပါး ဧည့်မထအုပ်စုဖြစ်သော ဆင်သုခ၊ ရွှေမန်း၊ မနောသုခစပါးများကိုဝယ်ယူကြပြီး ဒေသတွင်းဆန်စက်များတွင် ကြိတ်ခွဲဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း ရှင်းလင်းဖြေကြားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ယခုအခါ ဆန်ဈေးနှုန်းများမြင့်တက်လျက်ရှိသည့်အတွက် ဈေးနှုန်းမြင့်တက်စေရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ၊ ဖြန့်ဖြူးရောင်းချခြင်းများမဖြစ်ပေါ်စေရေးတို့အတွက် ယခုကဲ့သို့ မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း တွေ့ဆုံဆွေးနွေးအသိပညာပေးပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ရန်ကုန်)