ပန်းတော်ပြင်ကျေးရွာ၏ မိုးကြိုရုံးပတီသီးဈေးနှုန်းဈေးကွက်

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စုရှိ ပန်းတော်ပြင်ကျေးရွာ၌ ၂၀၂၄ခုနှစ်၊ မေလ(တတိယပတ်)တွင် မိုးကြိုရုံးပတီသီးများ စတင်ထွက်ပေါ်နေပြီဖြစ်ကြောင်း သိရှိရပါသည်။

  တိုက်ရိုက်အစေ့ချစနစ်ဖြင့်(၀.၂၅)ဧကခန့်စိုက်ပျိုးထားပြီး (500)ဂရမ် မျိုးစေ့(၁)ထုပ်ခန့် ကုန်ကျကြောင်း၊ မျိုးကိုမကွေးမြို့မှဝယ်ယူပြီး (၁)ထုပ်လျှင် ကျပ်(၃၀၀၀၀)ပေးရကြောင်း၊ စတင်စိုက်ပျိုးချိန်မှစ၍ အပင်ထွက်လာသည့်အထိ ရေ(၂)ကြိမ်ခန့်သွင်းပေးရပြီး အပင်ထွက်လာပြီးနောက် မိုးမရွာခင်အချိန်အထိ ရေမှာ(၄)ရက်(၅)ရက်ခြားတစ်ခါ ထပ်မံသွင်းပေးရကြောင်း၊ အသီးခူးဆွတ်ချိန်ရောက်သည့် အခါတွင် (၁)ရက်ခြားတစ်ခါပုံမှန်ခူးပေးရပြီး တစ်ခါခူးလျှင် အတောင့်ရေ (၃၅၀၀ မှ ၄၀၀၀)ခန့်ထိ ရရှိကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် သွင်းအားစုစရိတ်မြင့်တက်လာ၍ မြေပြုပြင်ခ၊ လုပ်အားခနှင့် ရေသွင်းခအပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၂၀၀၀၀၀)ကျော်နီးပါးကုန်ကျခဲ့ပါကြောင်း၊ ဈေးနှုန်းအနေဖြင့် ယခင်နှစ်ကမိုးကြိုရုံးပတီသီးတစ်တောင့်လျှင် ကျပ်(၁၀ မှ ၁၅)သာရရှိခဲ့ပြီး ယခု၂၀၂၄ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင် ကျပ်(၂၀ မှ ၂၅)ဈေးရရှိပါကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှ၊ မလွန်၊ PIC ရှိဈေးများသို့ တင်သွင်းရောင်းချကြောင်း ပန်းတော်ပြင်ကျေးရွာနေ တောင်သူဦးမြင့်ငွေထံမှ သိရှိရပါသည်။

DOCA(မကွေး)