ချောက်မြို့နယ်တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် သစ်တော၊ သစ်ပင်များဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုမျှတကောင်းမွန်စေရေး၊ သစ်တောပြုန်းတီးမှုမဖြစ်ပေါ်စေရေး၊ ဒေသတွင်းအပူချိန်လျော့ကျလာစေရေးနှင့် သစ်တောသစ်ပင်ထိန်းသိမ်းကာကွယ်ရေးတို့ အတွက်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာန၏ဦးဆောင်မှုဖြင့်(၅.၆.၂၀၂၄)ရက်နေ့၊ နံနက်(၀၇:၃၀)အချိန်တွင် အမှတ်(၁၅)ရပ်ကွက် ဇီးချိုပင်ဂေါက်ကွင်း၌ မိုးရာသိ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

    အဆိုပါ “မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ”တွင် ပျိုးပင်များပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးမိုးဇော်နိုင်မှ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ချောက်) ကျောင်းအုပ်ကြီးဦးညိုချောအားလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးလွင်မှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းဌေးအားလည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူးဦးကြည်လင်မှ အမှတ်(၁၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးအောင်ထက်အားလည်းကောင်း ပျိုးပင်များ အသီးသီးပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

  ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ စုပေါင်းအင်အား(၁၉၈)ဦးဖြင့် “ ယင်းမာ (၇၅)ပင်၊ တမာ( ၇၅)ပင်၊ ကုက္ကို(၇၅)ပင် ဖျောက်ဆိပ်(၇၅)ပင်” စုစုပေါင်းပျိုးပင်ရေ (၃၀၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မကွေး)