ပွင့်ဖြူမြို့နယ်၌ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့်ပွင့်ဖြူမြို့နယ်တာဝန်ခံသည် ဈေးကွက်အတွင်းရှိ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ခုနှစ်၊အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပြည့်စုံစွာပါဝင်ရမည့် အချက်အလက်များကို ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/ မရှိနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်ဟု တားမြစ်ထားသောကုန်စည်များကို ရောင်းချမှုရှိ/ မရှိတို့ကို မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

   (၆.၆.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးဝင်းတို့သည် မိတ်ဖက်ဌာနဖြစ်သည့် စည်ပင်သာယာရေးအဖွဲ့အတူပူးပေါင်း၍ ပွင့်ဖြူမြို့နယ်၊ စံပြကျေးရွာရှိ “သန်းနွယ်ဦး”ကုန်စုံဆိုင်သို့ ယမ်ယမ်(yum yum) ခေါက်ဆွဲခြောက်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ဆိုင်ရှင်အား သက်တမ်းလွန်နေသောစားသောက်ကုန်များ၊ စားသုံးရန်မသင့်ထုတ်ပြန်ထားသောစားသောက်ကုန်များ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှုရှိ/ မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးပြီး အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)