စားအုန်းဆီများ မူဝါဒအသစ်ဖြင့် ဆောင်ရွက်မည့်အခြေအနေများတွေ့ဆုံဆွေးနွေးပေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဆီအရောင်းကိုယ်စားလှယ်(၉)ဦးတို့အား (၆.၆.၂၀၂၄)ရက်နေ့၊ နံနက်(၁၀ :၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးဝင်းမှတွေ့ဆုံ၍ ယခုဇွန်လမှစတင်၍ မူဝါဒအသစ်ဖြင့် စားအုန်းဆီများရောင်းချမည့် အခြေအနေများအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ဆွေးနွေးရာတွင် ပွင့်ဖြူမြို့နယ်မှ ဆီထုတ်ကိုယ်စားလှယ်ခေါင်းဆောင်ဦးစိုးမိုးအောင်မှ စားအုန်းဆီရောင်းချနေမှုအခြေအနေများဆွေးနွေးခြင်း၊ ကျန်ရှိကိုယ်စားလှယ်(၈)ဦးမှ ထပ်မံဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ယခုဇွန်လတွင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဆွေးနွေးခဲ့ကြပါသည်။ ထိုနောက် စားသုံးသူရေးရာဦးစီးဌာန၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူးဒေါ်ဌေးဌေးဝင်းမှ စားအုန်းဆီများရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချကြရန်၊ အလေးချိန်မှန်ကန်စွာဖြင့် ရောင်းချကြရန်နှင့် ရောင်းချရမည့်အရေအတွက် အပြည့်အဝရောင်းချကြရန်  စားအုန်းဆီများလက်ဝယ်သိုလှောင်ထားရှိခြင်းများမဖြစ်စေရေး ဆီပြတ်လပ်မှုမရှိစေရေးအတွက် ဆောင်ရွက်ရမည့်အကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)