“မိုးပြောင်းဖူးများ စိုက်ပျိုးလျက်ရှိ”

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး ရာသီအလိုက်သီးနှံများလည်း စိုက်ပျိုးကြပါသည် ။  ရာသီအလိုက်စိုက်ပျိုးသော သီးနှံများအနက် ပြောင်းဖူးကိုလည်း စီးပွားဖြစ် စိုက်ပျိုးလာကြပါသည် ။ ပြောင်းဖူးစိုက်ပျိုးခြင်းဖြင့် စီးပွားလည်းဖြစ်ပြီး ကျွဲ ၊ နွားစာများပါဖူလုံသောကြောင့် တောင်သူများ တိုးချဲ့စိုက်ပျိုးလာကြပါသည် ။ ခရိုင်အတွင်း ယခုမေလ နောက်ဆုံးပတ်အထိ ပြောင်းဖူးစိုက်ဧက(၂၅၄)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခရိုင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ ပြောင်းဖူးစိုက်ပျိုးမှုအနေဖြင့် မျိုး၊ သွင်းအားစု၊လုပ်သားခ အပါအဝင် စုစုပေါင်း(၂၆၀၀၀၀)ကျပ်ခန့်ကုန်ကျပြီး အများဆုံး စိုက်ပျိုးသော မျိုးမှာဝယ်လိုအားရှိပြီး စားသုံးသူများကြိုက်နှစ်သက်သော သကြားပြောင်းမျိုးကိုသာ အများဆုံး စိုက်ပျိုးကြပါသည် ။ ပြောင်းဖူးအထွက်နှုန်းအနေဖြင့် တစ်ဧကလျှင်(၄၀၀၀)ဖူးခန့် ထွက်ရှိကြောင်း ၊ ယခင်နှစ်ပြောင်းဖူးဈေးနှုန်းအနေဖြင့် အစိမ်းတစ်ဖူးလျှင်(၂၅၀/-) ကျပ် ၊ ပြောင်းဖူးပြုတ်တစ်ဖူးလျှင် (၃၅၀/-)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ပြီး ပြောင်းဖူးဖောက်သည်ဈေးအနေဖြင့် တစ်ဖူးလျှင်(၁၅၀/-)ကျပ် ရောင်းချပေးကြောင်း ၊ ယခုအချိန်တွင် ခရိုင်အတွင်း ပြောင်းဖူးများ ထွက်ရှိမှုမရှိသေးသော်လည်း အခြားဒေသမှဝင်ရောက်သော ပြောင်းဖူးဈေးမှာ သကြားပြောင်း အစိမ်းတစ်ဖူးလျှင်(၃၀၀/-) ကျပ် ၊ ပြောင်းဖူးပြုတ် တစ်ဖူးလျှင်(၅၀၀/)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ၊ ပြောင်းဖူးပေါ်ချိန်တွင် ဈေးကောင်းရရှိပါက အကျိုးအမြတ်များရရှိမည်ဖြစ်ကြောင်း ပြောင်းဖူးစိုက်ပျိုးသော ထန်းဇင်တော် ရွာမှတောင်သူတစ်ဦး၏ပြောကြားချက် အရသိရှိရပါသည်။

DOCA(မန္တလေး)