ကြက်သွန်နီ ဈေးနှုန်းဈေးကွက်နှင့် တင်ပို့မှုအခြေအနေ

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မေလနောက်ဆုံးပတ်တွင် ဖြစ်ပေါ်ခဲ့သော ဆောင်းကြက်သွန်နီဈေးနှုန်းများမှာ အကြီးစတစ်ပိဿာလျှင်(၁၈၀၀)ကျပ် မှ(၂၁၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင်(၁၅၀၀)ကျပ်မှ(၁၇၀၀)ကျပ်ဖြင့်လည်းကောင်း၊ အသေးစ တစ်ပိဿာလျှင် (၁၂၀၀)ကျပ်မှ(၁၄၀၀)ကျပ်များဖြင့်လည်းကောင်း ပွဲရုံများတွင် အသီးသီးအရောင်း အဝယ်ဖြစ်ခဲ့ပါသည်။ ယခုတစ်ပတ်ကြက်သွန်နီဈေးအနေဖြင့်လည်း ယခင်တစ်ပတ်ဈေးနှုန်းများ အတိုင်း ပြောင်းလဲမှုမရှိပဲ ဆက်လက်ရောင်းချလျက်ရှိပါသည်။ အရည်အသွေးကောင်းပြီး အထားခံ သော အမာစများမှာ သိုလှောင်၍ကောင်းသလို ဈေးကောင်းလည်းရရှိပါသည်။

     ယခုတစ်ပတ်ဆောင်းကြက်သွန်နီဈေးကွက်အတွင်းသို့ဝင်ရောက်မှုအနေဖြင့် ကုန်ချိန်ပိဿာ ပေါင်း(၄၅၀၀၀၀)ကျော်ရှိပြီး၊ ယခင်တစ်ပတ်ဝင်ရောက်မှုမှာပိဿာချိန်(၃၅၀၀၀၀)ကျော် ဝင်ရောက် ခဲ့ပြီး၊ ယခုတစ်ပတ်တွင် ယခင်တစ်ပတ်ထက် ကုန်ချိန်ပိဿာချိန်(၁၀၀၀၀၀)ကျော်ပိုမို ဝင်ရောက်ခဲ့ ပါသည်။

     မြင်းခြံခရိုင်မှ ဆောင်းကြက်သွန်နီတင်ပို့မှုအနေဖြင့် မန္တလေး၊ ရန်ကုန်၊ နေပြည်တော်နှင့် မော်လမြိုင်မြို့များသို့ အပတ်စဉ်တင်ပို့လျက်ရှိပြီး ယခုတစ်ပတ်တွင် ဆောင်းကြက်သွန်နီ တင်ပို့မှု တန်ချိန်အနေဖြင့်(၂၀၁)တန်ရှိပြီး၊ ပိဿာချိန်အားဖြင့်(၁၂၀၀၀၀၀)ဝန်းကျင် တင်ပို့ခဲ့ကြောင်း ကြက်သွန်ကုန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)