မုံရွာမြို့နယ်၌ ကွမ်းဈေးနှုန်းများကျဆင်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင် အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

    မုံရွာမြို့နယ်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးအပေါ်မူတည်၍ မေလ(တတိယပတ်)တွင် ကွမ်းတစ်ပိဿာလျှင် ငွေကျပ်(၁၇၀၀၀-၂၀၀၀၀) များဖြင့်လည်းကောင်း၊ မေလ(စတုတ္ထပတ်)တွင်  ငွေကျပ်(၁၈၀၀၀-၂၁၀၀၀)များဖြင့်လည်းကောင်း၊ ဇွန်လ (ပထမထပတ်)တွင် ငွေကျပ် (၆၀၀၀-၈၀၀၀)များဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း၊ မိုးဦးရာသီတွင် ကွမ်းအထွက်နှုန်းတိုးကာ ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုများခြင်းကြောင့် ဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)