ကန့်ဘလူမြို့နယ်၏ ပဲတီစိမ်း ဈေးနှုန်း၊ဈေးကွက် အခြေအနေ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ရာ ကန့်ဘလူမြို့နယ်တွင် ပဲတီစိမ်းကို ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာ၊ ကံရိုးကျေးရွာနှင့် အခြားသောကျေးရွာများတွင်စိုက်ပျိုးကြောင်း သိရသည်။ ယခုအခါ ပဲတီစိမ်းများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး ဇွန်လ ပထမပတ်အတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ပဲတီစိမ်းရိုးရိုး(52)တစ်တင်းလျှင် ၆၀၀၀၀ကျပ်၊ ပဲတီစိမ်းထွက်တိုး(55)တစ်တင်းလျှင် ၆၃၀၀၀ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်းမှာအလုံးလှပြီး အကွဲအနာကင်းလျှင် ဈေးကောင်းပိုရကြောင်း၊ ယခင်နှစ်ကာလတူ၌ ဖြစ်ပေါ်ခဲ့သောဈေးနှုန်းထက် ဈေးနှုန်းမြှင့်တက်လာသောကြောင့် စိုက်ပျိုးသူများအဆင်ပြေကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှ ထွက်ရှိသောပဲတီစိမ်းများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)