ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်း၊ ဈေးကွက်

Powered by Drupal

       မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင်လည်း သီးနှံစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များတွင်လည်းကောင်း၊ နေအိမ်ခြံဝင်းများတွင်လည်းကောင်း စိုက်ပျိုးကြကြောင်း သိရသည်။

          ၂၀၂၄ ခုနှစ် ၊ ဇွန်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူခရိုင်၏ ကွမ်းဈေးနှုန်းမှာ ကွမ်းရှယ်တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်၊ ပယ်ရှယ်တစ်ပိဿာလျှင် ၅၀၀၀ ကျပ်၊ ခြံပယ်တစ်ပိဿာ လျှင် ၂၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ကွမ်းရွက်များကို ကန့်ဘလူမြို့ ၊ ကျွန်းလှမြို့နှင့် မန္တလေးမြို့တို့ကို တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ကွမ်းဝင်ရောက်မှုအပေါ် မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိကြောင်း ကွမ်းရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)