ပဲခူးမြို့နယ်အတွင်းရှိ ဆန်ကုန်သည်၊ ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် အစည်းအဝေးပြုလုပ်

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ၅-၆-၂၀၂၄ ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပဲခူးခရိုင်၊ ပဲခူးမြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန် လက်လီ/ လက်ကား အရောင်းဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

        အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဆန်စပါးဈေးနှုန်းအခြေအနေ၊ ဆန်နှင့်ဆန်ထွက်စ္စည်းများ၏ ဈေးနှုန်းအရောင်းအဝယ်ဖြစ်မှုအခြေအနေ၊ ဆန်စပါးကြိတ်ခွဲမှုအခြေအနေများ၊ လတ်တလော အရောင်းအဝယ်ဖြစ်နေ‌သော ဆန်နှင့်ဆန်ထွက်စ္စည်းများ၏ဈေးနှုန်းများ၊ ရန်ကုန်နှင့် မန္တလေးမြို့များသို့ သယ်ယူပို့ဆောင်ခများ၊ ဆန်ဆိုင်ပွဲရုံနှင့် ဆန်စက်များ၏ဆန်နှင့် စပါးလက်ကျန်အခြေအနေများကို ဆန်ကုန်သည်များနှင့် ဆန်စက်လုပ်ငန်းရှင်များက ပွင့်လင်းစွာဆွေးနွေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီးဦးစီးမှူးသည် လုပ်ငန်းရှင်မျာ၏ ကြုံတွေ့ရသောအခက်အခဲများ၊ မိမိတို့ဌာနအနေဖြင့် ကူညီဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များအား ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဆွေးနွေးခဲ့ပြီး အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ လုပ်ငန်းရှင်စုစုပေါင်း(၃၁)ဦးတက်ရောက်ကာ ဆွေးနွေးပွဲအား (၁၄:၃၀) တွင် ပိတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)