တောင်ငူမြို့သို့ ဝင်ရောက်လာသော သံတောင်ကြီးမြို့နယ်မှ ဒူးရင်းသီးများ

Powered by Drupal

       တောင်ငူမြို့တွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှထွက်ရှိသော ဒူးရင်းသီးများဖြင့် အရောင်းအဝယ်ကောင်းလျက်ရှိပါသည်။ ဒူးရင်းသီးသည် အနံ့မွှေး၍ အရသာဆိမ့်သဖြင့် လူကြိုက် များသောအသီးဖြစ်ပါသည်။ နှစ်စဉ် ဧပြီ၊ မေလများတွင် စတင်ပေါ်ပါသည်။

         ဒူးရင်းသီးတွင် အပင်မှရင့်မှည့်ပြီး မြေပြင်သို့ကြွေကျသည့်အသီးများကို ကြွေသီးဟုခေါ်ပါသည်။ ၎င်းအသီးသည် အပင်မှခူးဆွတ်သည့် အသီးများထက် အရသာပိုကောင်းမွန်ပါသည်။ သံတောင်ကြီးမြို့နယ်မှ ဒူးရင်းသီးရောင်းဝယ်သူများက ဒူးရင်းသီးများကို ကားဖြင့်တင်၍ တောင်ငူမြို့သို့  လာရောက်ရောင်းချပါသည်။

         ၂၀၂၄ခုနှစ်၊ ဇွန်လအစပိုင်းတွင် ဈေးနှုန်းများအနေဖြင့် ဒူးရင်းသီးကြွေသီးကို အလုံးသေးတစ်လုံးလျှင် ၃၀၀၀ကျပ်၊ အလတ်တစ်လုံးလျှင် ၆၀၀၀ကျပ်နှင့် အကြီးတစ်လုံးလျှင် ၁၀၀၀၀ကျပ်၊ ရှယ်သီးများမှာ တစ်လုံးလျှင် ၁၅၀၀၀ကျပ်အထိရောင်းချရကြောင်း၊ ရာသီပေါ်ဖြစ်ပြီး လူကြိုက်များသည့်အသီးဖြစ်၍ ရောင်းအားကောင်းကြောင်း တောင်ငူမြို့ ဘုရင့်နောင်ဈေးအနီးရှိ ဒူးရင်းသီးအရောင်းဆိုင်မှသိရှိရပါသည်။

DOCA(ပဲခူး)