![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/11_18.jpg?itok=kNrp2HyW)
သစ်တော်သီးသည် အခွံညိုညိုတွင် အညိုရင့်အစက်များပါရှိပြီး အလယ်ချက်တိုင်နှင့် အတွင်းသားတို့မှာ ဖြူကြွပ်ကြွပ်ရှိပါသည်။ သစ်တော်သီးသည် မိုးရာသီစာသစ်သီးဝလံတစ်မျိုးဖြစ်ပြီး မြန်မာပြည်ရာသီဥတု၏ မိုးလယ်ကာလမှစ၍ ဆောင်းဦးရာသီအထိတွေ့ရပါသည်။
မြန်မာနိုင်ငံတွင် သစ်တော်သီးကို သားရေစာအချိုပွဲအနေဖြင့် စားသုံးလေ့ရှိသည်သာမက စည်သွပ်ဘူးများပြုလုပ်ခြင်း၊ ဖျော်ရည်နှင့်သစ်သီးခြောက်များပြုလုပ်ပြီးလည်း ရောင်းချကြပါသည်။ ကမ္ဘာ့အနှံ့အပြားတွင် သစ်တော်သီးမျိုးကွဲပေါင်း ၃၀၀၀ကျော်ရှိပါသည်။၂၀၂၄ခုနှစ် ဇွန်လ ပထမပတ်တွင် ပြည်ဒေသရှိဈေးကွက်များတွင် ရောင်းချနေသော သစ်တော်သီးဈေးနှုန်းများ အနေဖြင့် အလတ်စားတစ်လုံးလျှင် (၂၅၀၀-၃၀၀၀) ကျပ်၊ အကြီးတစ်လုံးလျှင် ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်အထိဈေးနှုန်းတို့ဖြင့် ရောင်းချနေကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)