![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/ခဝဲသီး.jpg?itok=5rTx4IhF)
ခဝဲသီးသည် မြန်မာနိုင်ငံ၌ အမျိုးအစား (၂) မျိုးရှိပြီး တစ်မျိုးမှာ အပုမျိုးဖြစ်ပြီး ၅ – ၆ လက်မခန့်ရှည်ကာ ဒုတိယမျိုးမှာ အရှည်မျိုးဖြစ်ပြီး တစ်ပေခန့်ရှည်ပြီး နွယ်ပင်ကဲ့သို့ လိမ်ယှက်၍ ပေါက်တတ်သည်။ ခဝဲသီးသည် လတ်ဆတ်နေချိန်၌ အစိမ်းရင့်ရောင် ရှိတက်ပြီး သခွားသီးကဲ့သို့ လုံးချောမဟုတ်ဘဲ စောင်းပါရှိကာ အရည်ရွှမ်း၍ပွပြီး အစေ့မှာ သခွားစေ့နှင့် တူသည်။ အပွင့်မှာ အဝါရောင်ရှိသည်။ ခဝဲစေ့ကို တိုက်ရိုက်အစေ့ချစနစ် စိုက်ပျိုး၍ရသလို ပေါင်တင်ပြီး စိုက်ပျိုး၍လည်းရသည်။ ခဝဲပင်ကို မြေဩဇာကောင်းသောနေရာများတွင် စိုက်ပျိုးကြသည်။ သဘာဝ မြေဆွေးကို မစိုက်ပျိုးမီ ထည့်ပေးရသည်။ ဓာတ်မြေသြဇာကို လိုအပ်မှသာ ထည့်ပေးရပြီး မြေဆီလွှာအစိုဓာတ်အမြဲရရှိရန် လိုအပ်သည်။ အပင်သက်တမ်း ၇၅ – ၈၀ ရက် ရှိသောအခါ အသီးကို ဆွတ်ခူးနိုင်သည်။
ထိုပြင့် ကျန်းမာရေးကို အထောက်အကူပြုစေသော ဟင်းသီးဟင်းရွက်များထဲမှာ ခဝဲသီး အပါအဝင်ဖြစ်သည်။ ချိုသော အရာသာရှိ၍ ကြိုက်နှစ်သက်မှုများပြီး နှစ်စဉ်မေလနှင့် ဇူလိုင်လတွင် လှိုင်လှိုင်ပေါများစွာ ဝယ်ယူရရှိနိုင်သည့်အတွက် ပုသိမ်မြို့ပေါ်ရှိ ဈေးများတွင်လည်း အပုမျိုး (၁) လုံးလျှင် ၄၀၀-၅၀၀ ကျပ်နှင့် ရောင်းချပြီး အရှည်မျိုး (၁) လုံးလျှင် ၇၀၀-၈၀၀ ကျပ်နှင့် ရောင်းချလျက်ရှိကာ ဈေးကွက်အတွင်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)