မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ နတ်မောက်မြို့တို့မှထွက်ရှိသော ပဲစင်းငုံ(နီ)၊ မတ်ပဲ၊ ကုလားပဲအမျိုးမျိုး၊ ပဲကြီး၊ စားတော်ပဲ၊ နှမ်းမျိုးစုံနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
၂၀၂၄ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင် ပဲစင်းငုံ(နီ) (၁)တင်းလျှင် ကျပ်(၁၄၀၅၀၀)၊ မတ်ပဲ(၁)တင်းလျှင် ကျပ်(၁၀၇၀၀၀)၊ နှမ်းနက်(စမုံ) (၁)တင်းလျှင် ကျပ်(၁၃၇၀၂၅)ဖြစ်ပြီး မေလ(စတုတ္ထပတ်)နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ပဲစင်းငုံ(နီ) ကျပ်(၁၅၀၀)၊ မတ်ပဲ ကျပ်(၃၀၀၀)၊ နှမ်းနက်(စမုံ) ကျပ်(၂၀၂၅) ဈေးနှုန်းမြင့်တက်ခဲ့ပြီး စုစုပေါင်းတန်ချိန်(၁၃၀)တန်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ မတ်ပဲနှင့် ပဲစင်းငုံ(နီ)မှာ တင်ပို့မှုမရှိသော်လည်း မန္တလေးသို့ နှမ်းနက်(စမုံ) (၃၅၂)အိတ်တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)