![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/ပန်းတနော် ဘဝိုင်းကျောင်းဟော.jpg?itok=C2c6Mj5C)
၂၀၂၄ ခုနှစ်၊ ဇွန်လ၊ ၆ ရက်နေ့၊ နံနက် (၁၀း၀၀)မှ (၁၁း၄၅) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူများသည် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့်အတူ ပန်းတနော်မြို့နယ် ဘဝိုင်းကျေးရွာရှိ ဘဝိုင်း (အ.ထ.က)ကျောင်းတွင် ကျောင်းသား/သူ၊ ဆရာ/ဆရာမများကို စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောမှု ပြုလုပ်ခဲ့ကြသည်။
ဟောပြောပွဲ၌ စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်က ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ကိုက်ညီမှုရှိသော ကုန်ပစ္စည်းရွေးချယ်ဝယ်ယူသုံးစွဲတတ်စေရန်နှင့် ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲကြရာ၌ ထိခိုက်နစ်နာမှုရှိပါက တိုင်ကြားခွင့်၊ တရားစွဲဆိုပိုင်ခွင့်များအကြောင်းကို အကျယ်တဝင့် ဟောပြောဆွေးနွေးပြီး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်များ မူးယစ်ဆေးသုံးစွဲခြင်း၏ ဆိုးကျိုးနှင့် ဆေးလိပ်သောက်ခြင်း၏ ကျန်းမာရေး ဆိုးကျိုးအကြောင်းကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းသား /ကျောင်းသူ၊ ဆရာ/ဆရာမ (၁၂၅)ဦးတက်ရောက်ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)