Main menu

စားသုံးသူအကာအကွယ်ပေး‌ရေး အသိပညာပေးခြင်းကို ကျောင်းဖွင့်ရာသီတွင် ကျောင်းသား/ သူများကို အသိပညာပေးဟောပြောခြင်း

Powered by Drupal

       ၂၀၂၄  ခုနှစ်၊  ဇွန်လ၊  ၆  ရက်နေ့၊  နံနက် (၁၀း၀၀)မှ (၁၁း၄၅) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူများသည် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့်အတူ ပန်းတနော်မြို့နယ် ဘဝိုင်းကျေးရွာရှိ ဘဝိုင်း (အ.ထ.က)ကျောင်းတွင် ကျောင်းသား/သူ၊ ဆရာ/ဆရာမများကို စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောမှု ပြုလုပ်ခဲ့ကြသည်။

    ဟောပြောပွဲ၌ စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်က ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ကိုက်ညီမှုရှိသော ကုန်ပစ္စည်းရွေးချယ်ဝယ်ယူသုံးစွဲတတ်စေရန်နှင့် ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲကြရာ၌ ထိခိုက်နစ်နာမှုရှိပါက တိုင်ကြားခွင့်၊ တရားစွဲဆိုပိုင်ခွင့်များအကြောင်းကို အကျယ်တဝင့် ဟောပြောဆွေးနွေးပြီး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်များ မူးယစ်ဆေးသုံးစွဲခြင်း၏ ဆိုးကျိုးနှင့် ဆေးလိပ်သောက်ခြင်း၏ ကျန်းမာရေး ဆိုးကျိုးအကြောင်းကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းသား /ကျောင်းသူ၊ ဆရာ/ဆရာမ (၁၂၅)ဦးတက်ရောက်ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)