စလင်းမြို့နယ်၏ မိုးမြေပဲစိုက်ပျိုးမှုအခြေအနေ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အရှေ့ဘက်ရှိ ကျေးရွာများ၊ ဧရာဝတီမြစ်ကြားရှိ မြေနုကျွန်းများနှင့် ကုန်းတွင်းယာမြေနုများ၊ ချောင်းနံဘေးမြေနုများတွင် မိုးမြေပဲများစိုက်ပျိုးကြပါသည်။ ဆောင်းတွင်းပိုင်းတွင် ပဲကြီး၊ ပဲနက် အစရှိသော ပဲအမျိုးမျိုးနှင့် ငရုတ်၊ ကြက်သွန်၊ အာလူး၊ ဟင်းသီးဟင်းရွက်များနှင့် ထပ်မံ၍ ဆောင်းမြေပဲများစိုက်ပျိုးကြပါသည်။

       ယခင်နှစ်တွင် မိုးမြေပဲကို (၂၁၄၇၆)ဧကစိုက်ပျိုးပြီး အထွက်နှုန်းမှာ ပျှမ်းမျှအားဖြင့် (၁)ဧကလျှင် (၅၅) တင်းမှ (၆၀)တင်းထိထွက်ရှိပြီး စုစုပေါင်း တင်း(၁၃)သိန်းခန့်ထွက်ရှိကြောင်းသိရပါသည်။ ယခုနှစ်တွင် ၎င်းအနေဖြင့် မိုးမြေပဲ ဧက(၅)ဧကစိုက်ပျိုးထားကြောင်း၊ (၁)ဧကလျှင် မျိုးမြေပဲအတောင့်(၆)တင်းခန့်ကုန်ကျပြီး ထွန်ယက်ခ၊ စိုက်ပျိုးခ၊ လုပ်အားခ၊ ပိုးသတ်ဆေး၊ အပင်သန်ဆေးအပါအဝင် (၁)ဧကခန့်မှန်းကုန်ကျစရိတ်မှာ ကျပ်(၄)သိန်းမှ ကျပ်(၅)သိန်းထိကုန်ကျကြောင်း၊ မျိုးအနေဖြင့် မြေပဲအနီ(လုံးကြီး၊ လုံးသေး)၊ ဗမာမြေပဲဖြူ (လုံးကြီး၊ လုံးသေး)များကိုစိုက်ပျိုးကြောင်း၊  မိုးမြေပဲများကို ဇွန်လ လဆန်းမှစတင်စိုက်ပျိုးပြီး စက်တင်ဘာလဆန်းတွင် တူးဖော်နိုင်မည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် ရာသီဥတုကောင်းမွန်ပါက (၁)ဧကလျှင် (၆၅)တင်းမှ တင်း(၇၀)ထိထွက်ရှိနိုင်မည်ဟုခန့်မှန်းထားကြောင်း မိုးမြေပဲစိုက်တောင်သူတစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)