မင်းဘူးခရိုင်ဦးစီးမှူးရုံး၌ စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံအသိပညာပေး

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးတွင် မင်းဘူးခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအား လိုက်နာဆောင်ရွက်ခြင်းဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး မိမိတို့လုပ်ငန်းများ၌ ထုတ်ကုန်လုံခြုံစိတ်ချမှုရရှိပြီး အကျိုးစီးပွားအောင်မြင်စေရန်အတွက် ဒေသတွင်းစားသောက်ကုန်ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များကိုခေါ်ယူ၍ အသိပညာပေးဆွေးနွေးလျက်ရှိပါသည်။

         (၁၀-၆-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် မင်းဘူးခရိုင်ဦးစီးမှူးရုံး၌ Ocean-PLL ကိတ်နှင့် ပေါင်မုန့်လုပ်ငန်းရှင်အားခေါ်ယူ၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာထည့်သွင်းနိုင်ရေး အသိပညာပေးဆွေးနွေးခဲ့ပြီဲးနောက် ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေအား ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် စတင်ပြဋ္ဌာန်းပြီး အခန်း၂၅ခန်း၊ ပုဒ်မပေါင်း(၈၄)ခုပြဋ္ဌာန်းထားကြောင်း၊ ၎င်းပုဒ်မများအနက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁)တွင်ပြဋ္ဌာန်းထားသော ကုန်အညွှန်းအမှတ်အသားအချက်(၈)ချက်နှင့်ပတ်သက်၍ ပြည့်စုံစွာထည့်သွင်းနိုင်ရေးနှင့် စားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် (၂/၂၀၁၉)အရ ကုန်ပစ္စည်းအမျိုးအမည်(၈)မျိုးအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေ ထည့်သွင်းဖော်ပြရမည့်အချက်များအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)