ဆိပ်ဖြူမြို့နယ်၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်ရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးအသိပညာပေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့်ဝန်ထမ်းသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၀-၆-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ “ဖြိုးကြွယ်” ပျားရည်ဆမ်းပေါင်မုန့်ရောင်းချသည့် လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးအသိပညာပေး ဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းက လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈) တွင်ပြဋ္ဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းတွင်ပါဝင်သော အချက်အလက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြပြီးလျှင် မိမိတို့ကုန်ပစ္စည်းသည် လုံခြုံစိတ်ချရမည်ဖြစ်ပြီး စားသုံးသူက ကုန်အညွှန်းအမှတ်အသားမပြည်စုံသည့် ကုန်စည်နှင့်နှိုင်းယှဉ်၍ ရွေးချယ်သုံးစွဲမည်ဆိုပါက လုံခြုံစိတ်ချရမှုရှိသောကုန်စည်ကိုသာ ရွေးချယ်သုံးစွဲမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကိုသိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် စီမံခန့်ခွဲရေးနည်းလမ်းအရအရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း ချပြရှင်းလင်းခဲ့ပြီး ကုန်အမှတ်တံဆိပ်များကို ပြည့်စုံစွာထည့်သွင်းပြီးလျှင် စားသုံးသူရေးရာဦးစီးဌာနသို့လာရောက်၍ စိစစ်ခွင့်ပြုချက်လျှောက်ထားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး စည်ပင်အမှုဆောင်အရာရှိ ဦးမင်းစည်သူက ကုန်စည်များထုတ်လုပ်ရောင်းချရာတွင် ဘေးကင်းလုံခြုံမှုရှိပြီး သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်နိုင်ရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)