ကျိုက်မရောမြို့နယ်၌ မိုးစပါးမျိုးစေ့ချကိရိယာဖြင့် မြို့နယ်အဆင့် ကွင်းသရုပ်ပြပွဲပြုလုပ်

Powered by Drupal

       မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရာသီ၌ မိုးစပါး ကြဲခင်းစနစ် စိုက်ပျိုးခြင်းအစား မျိုးစေ့ချကိရိယာ(seeder) ဖြင့် စိုက်ပျိုးခြင်း၊ မြို့နယ်အဆင့် ကွင်းသရုပ်ပြစိုက်ပျိုးခြင်းကို ၉-၆-၂၀၂၄ ရက်နေ့၊ နံနက် (၀၈း၀၀) နာရီအချိန်တွင် ကလိုင်းကနိုင်ကျေးရွာ အုပ်စု ၃၈၁(က)၊ ဦးပိုင်အမှတ်(၁၇၁)၊ တောင်သူ ဦးမွန်ဆူအာမက်၏ လယ်မြေ (၅.၀၁)ဧက၌ ဆောင်ရွက်ခဲ့သည်။

      အဆိုပါမိုးစပါး မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့၊ ရပ်ကွက်ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စုစုပေါင်း(၅၄)ဦးတက်ရောက်ခဲ့ကြသည်။

     ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ယခုနှစ်မိုးရာသီ၌ ကြဲခင်းစနစ်ဖြင့် စိုက်ပျိူးခြင်းအစား ယခုကဲ့သို့  မျိုးစေ့ချကိရိယာများဖြင့် အစားထိုးစိုက်ပျိုးကြရန် မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း တောင်သူများအတွက် မျိုးစေ့ချကိရိယာ (၆၀) ခုအား ထောက်ပံ့ပေးထားပြီးဖြစ်ရာ တောင်သူများ လွယ်ကူစွာစိုက်ပျိုးနိုင်ပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  ဦးစီးအရာရှိ  ဦးလှတင်မောင်က မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း၏ အားသာချက်များနှင့် ရှောင်ရန်ဆောင်ရန်အချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)