ဟင်္သာတမြို့ပေါ်ရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအား စနစ်တကျဖြန့်ဖြူးရောင်းချနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊  တာငါးဆယ်(မ)ရပ်ကွက်၊ ဈေးကလေးလမ်းရှိ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးတွင် ဟင်္သာတမြို့ပေါ်ရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းရှင်(၉၁)ဦးအား (၉-၆-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် စားအုန်းဆီ ဖြန့်ဖြူးခြင်းလုပ်ငန်းဆိုင်ရာ စံလုပ်ထုံးလုပ်နည်းများ(မူကြမ်း)ကို ရှင်းလင်းဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

      ဟောပြောပွဲတွင် ဟင်္သာတခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားအုန်းဆီဖြန့်ဖြူးခြင်းဆိုင်ရာ စံလုပ်ထုံးလုပ်နည်းများ(မူကြမ်း)ပါ စားအုန်းဆီတင်သွင်း၊သိုလှောင်၊ ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းစဉ်ချမှတ်အကောင်အထည်ဖော်ရခြင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်တစ်လျှောက် စနစ်တကျရှိစေရေး၊ ဈေးကွက်အတွင်း သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချစေရေးဆောင်ရွက်ရန်၊ စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စနစ်တကျရှိစေရန် အပိုင်း (၃)ပိုင်းဖြင့်ခွဲခြားထားပြီး သတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်းများအတိုင်း ကထိကဝတ်များ၊ တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်က ဟင်္သာတခရိုင်အတွက် စားအုန်းဆီခွဲတမ်းရရှိမှုနှင့် ဖြန့်ဖြူးရောင်းချမှုအခြေအနေများအား အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး၊ မြို့နယ်တာဝန်ခံ ဦးမိုးကျော်က ဈေးကွက်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း သို့မဟုတ် ဈေးနှုန်းမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမရှိစေရေး၊ စားအုန်းဆီအရောင်းကိုယ်စားလှယ်များ၊ လက်လီ/ လက်ကားရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချခြင်းမရှိပါက သက်ဆိုင်ရာတည်ဆဲဥပဒေများနှင့်အညီ  အရေးယူဆောင်ရွက်သွားမည်ဟု အသိပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။ 

DOCA(ဧရာဝတီ)