![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/13.7_4.jpg?itok=M3qm1Py3)
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ပုသိမ်မြို့နယ်ရှိ ဒေသခံပြည်သူများသည် လယ်ယာလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သည့်အပြင် မိမိတို့၏ ဥယျာဉ်ခြံမြေများတွင် နှစ်ရှည်သီးနှံဖြစ်သည့် သံပုရာပင်များလည်း စိုက်ပျိုးထားလျက်ရှိပြီး သံပုရာပင်များ အသီးသီး ရင့်ချိန်တွင် စျေးကောင်းရရှိ၍ စိုက်ပျိုးတောင်သူများ အကျိုးအမြတ် ပိုမိုရရှိကာ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ပုသိမ်မြို့နယ်တွင် သံပရာသီးပေါများသည့် မိုးတွင်းကာလလျှင်ပင် တစ်လုံးလျှင် ငွေကျပ် (၁၀၀ မှ ၁၅၀) အထိရောင်းချရကြောင်း၊ ပုသိမ်မြို့တွင် သံပရာပင်များ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည့်အပြင် အိမ်ခြံဝင်းထဲမှာ တပိုင်တနိုင် သံပုရာပင် စိုက်ပျိုးထားသူများအနေဖြင့် လိုက်လံရောင်းချစရာ မလိုဘဲ ဝယ်ယူသူများက အိမ်တိုင်ရာရောက် လာရောက်ဝယ်ယူလျက်ရှိကြောင်း သံပုရာပင်စိုက်ပျိုးသူများထံမှ သိရသည်။
DOCA(ဧရာဝတီ)