ကန့်ဘလူခရိုင်တွင် ဘိလပ်မြေရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုနှင့် ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ၂၀၂၄ခုနှစ်၊ ဇွန်လ ၁၀ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များသို့သွားရောက်၍ အပတ်စဉ် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိရာ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်အခြေအနေတို့အားဆွေးနွေးခဲ့ရာ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ဘိလပ်မြေတို့ကို မန္တလေးမြို့မှ အများဆုံးဝယ်ယူရောင်းချလျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် “CROWN” အမှတ်တံဆိပ် ဘိလပ်မြေ‌တစ်အိတ်လျှင် ၁၄၀၀၀ကျပ်နှင့် “ကြံ့နှစ်ကောင်” အမှတ်တံဆိပ် ဘိလပ်မြေဈေးနှုန်းမှာ တစ်အိတ်လျှင် ၁၃၀၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း ဇွန်လ ပထမပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် အရောင်းအဝယ်အေး၍ ဈေးနှုန်းများတည်ငြိမ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)