![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/13.11_4.jpg?itok=1ZjgBuK6)
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ဘွဲ့ကျေးရွာအုပ်စုရှိ ဇီးတောကျေးရွာတွင် မိုးနှမ်းကို ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် ၂၀၂၄ခုနှစ်၊ မေလ(စတုတ္ထပတ်)မှ စတင်၍ တောင်သူ(၁၅၀)ဦးမှ စိုက်ဧက(၁)ထောင်ကျော်ခန့် စိုက်ပျိုးထားကြောင်း သိရပါသည်။
နှမ်းနက်မျိုးကိုအများဆုံးစိုက်ပျိုးပြီး ပဲစဉ်းငုံသီးနှံကိုလည်း သီးညှပ်အဖြစ်ရော၍ စိုက်ပျိုးထားကြောင်း၊ (၁)ဧကလျှင် မျိုး(၂)ပြည်ခန့်ကုန်ကျကာ ရက်ပေါင်း(၈၅)ရက်အကြာတွင် ရိတ်သိမ်းရ ကြောင်း၊ ၎င်းအနေဖြင့် နှမ်းနက်ဧက(၅)ဧကခန့်စိုက်ပျိုးထားပြီး မျိုးကိုဝယ်စရာမလိုဘဲ ယခင်နှစ်က ဖယ်ချန်ထားသော နှမ်းစေ့များကို ပြန်လည်စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်က (၁)ဧကလျှင် ကျပ်(၁၀၀၀၀၀)သာကုန်ကျသော်လည်း ယခုနှစ်တွင် သွင်းအားစုစရိတ်မြင့်တက် လာ၍ မြေပြုပြင်ခ၊ လုပ်အားခအပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၁၃၀၀၀၀)ခန့်ကုန်ကျ ကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က (၁)ဧကလျှင် (၁၀)တင်းထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် (၁)တင်းလျှင် ကျပ်(၁၂၀၀၀၀)ထိဈေးရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့ရှိ ပွဲရုံများသို့တင်ပို့ရောင်းချကြောင်း ဇီးတောကျေးရွာနေ မိုးနှမ်းစိုက်တောင်သူဦးဌေးထံမှ သိရှိရပါသည်။
DOCA(မကွေး)