စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများအခြေအနေ

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ  ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘို၊ ရေဦးနှင့် မုံရွာခရိုင်များ၌ စပါး၊ ဆန်ဈေးနှုန်းများမှာ ယခင်အပတ်များအတိုင်း ဈေးအေးနေသော်လည်း ကသာခရိုင်(အင်းတော်မြို့နယ်)၌ ဧရာမင်း(စပါး)(သစ်)  တင်း၁၀၀ဈေးနှုန်းမှာ ယခင် မေလ စတုတ္ထပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်မြင့်တက်နေကြောင်းသိရှိရပါသည်။

     ဇွန်လ  (ပထမပတ်) တွင် ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်)  တင်း၁၀၀လျှင် ကျပ်၄၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၅၅၀၀၀ကျပ်၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း၁၀၀လျှင် ကျပ်၃၃၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၄၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

     ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)(သစ်)  တင်း၁၀၀လျှင် ကျပ်၄၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၅၅၀၀၀ကျပ်၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း၁၀၀လျှင် ကျပ်၃၃၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

      ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) (သစ်) တင်း၁၀၀လျှင် ကျပ်၂,၆၅၀,၀၀၀၊ ဧည့်မထ (ဆန်) (သစ်)‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၈၅,၀၀၀၊ ငစိန်(စပါး)(သစ်) တင်း၁၀၀လျှင် ကျပ်၂၄၅၀,၀၀၀၊ ငစိန် (ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၇၀,၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း၁၀၀လျှင် ကျပ်၂,၇၀၀,၀၀၀၊ ဧရာမင်း(ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၉၅,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

      ကသာခရိုင်၊ အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း၁၀၀လျှင် ကျပ်၁,၆၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် (သစ်) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၇၅,၀၀၀၊ ဧရာမင်း(စပါး)(သစ်)  တင်း၁၀၀လျှင် ကျပ်၃၁၅၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်  ဖြင့် အရောင်းအဝယ်ဖြစ် နေကြောင်းသိရပါသည်။

     မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(သစ်) တင်း၁၀၀လျှင် ကျပ်၃,၀၀၀,၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၁၃၅၀၀၀၊ ရွှေဘိုပေါ်ဆန်း(စပါး) (သစ်) တင်း၁၀၀လျှင် ကျပ်၃၈၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၁၅၀၀၀၀၊ မနောသုခ (စပါး)(သစ်) တင်း၁၀၀လျှင် ကျပ်၂၆၀၀,၀၀၀၊  မနောသုခ (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၈၈၀၀၀၊ ရွှေဝါထွန်း (စပါး)(သစ်) တင်း၁၀၀လျှင် ကျပ်၂၆၀၀,၀၀၀၊  ရွှေဝါထွန်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၈၅၀၀၀၊ ရွှေသွယ်ရင်  (စပါး)(သစ်) တင်း၁၀၀လျှင် ကျပ်၂၆၀၀,၀၀၀၊  ရွှေသွယ်ရင် (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၈၅၀၀၀၊ ငစိန်   (စပါး)(သစ်) တင်း၁၀၀လျှင် ကျပ်၂၂၀၀,၀၀၀၊  ငစိန်  (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၇၅၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

DOCA(စစ်ကိုင်း)