ကျွန်းလှမြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုနှင့် ကန့်ဘလူခရိုင်ဦးစီးမှူး၏ ကြီးကြပ်ကွပ်ကဲမှုတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံသည် ၂၀၂၄ခုနှစ်၊ ဇွန်လ (၁၀)ရက်နေ့၊ နံနက်(၀၈း၃၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ပေါ် ရပ်ကွက်များရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ အပတ်စဉ်သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာ ကျွန်းလှမြို့နယ်အတွင်း ရောင်းချနေသော ဘိလပ်မြေအရောင်းဆိုင်များတွင်   ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ၊ ဘိလပ်မြေအမျိုးအစားများ၊ တစ်အိတ်ချင်းစီ၏ တစ်အိတ်ဈေးနှုန်း၊ ပစ္စည်းပြတ်လတ်မှုရှိ/မရှိ ကုန်ပစ္စည်းလက်ကျန်အခြေအနေမျာကိုမေးမြန်းခဲ့ရာ ဈေးကွက်အနေဖြင့် ကျွန်းလှမြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းနှင့် ဈေးနှုန်းမှာ CROWN အမှတ်တံဆိပ် 525 အမျိုးအစား တစ်အိတ်လျှင် ကျပ်(၁၅၀၀၀/၁၅၅၀၀) တို့ဖြင့် ဈေးနှုန်းအတက်အကျပေါ်မူတည်၍ ရောင်းချပေးလျက်ရှိကြောင်းနှင့် ဘိလပ်မြေဆိုင်များတွင် ပစ္စည်း ပြတ်လတ်မှုမရှိကြောင်း၊ ကုန်ပစ္စည်းလက်ကျန်ရှိကြောင်း ဇွန်လ ပထမအပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခုဇွန်လ၊ ဒုတိယအပတ်တွင် ယခင်အပတ်ထက် ဘိလပ်မြေဈေးနှုန်းကျဆင်းလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)