မော်လမြိုင်မြို့နယ်တွင် စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     စားသုံးသူ​ရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် မြို့နယ်ကြီးကြပ်ရေးအဖွဲ့နှင့်ပူးပေါင်း၍ ၁၀-၆-၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ ​မော်လမြိုင်ခရိုင်၊​ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်နှင့် မုပွန်ရပ်ကွက်အတွင်း လက်လီရောင်းချ​ပေး​နေသော စားအုန်းဆီဆိုင်သို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့သည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူပို့ဆောင်ခစရိတ်အပါအဝင် ဖြစ်သင့်ဖြစ်ထိုက်သည့် အမြတ်ရာနှုန်းထက်ပိုမို၍ ရောင်းချ​နေမှု ရှိ/မရှိ စစ်​ဆေးခဲ့ကြောင်းသိရှိရပါသည်။

     စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စားအုန်းဆီဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)