ဘီးလင်းမြို့နယ်ဒေသထွက် တောင်ထန်းများ ဈေးကောင်းရနေ

Powered by Drupal

     တောင်ထန်းဖက်များကို အိမ်အမိုးမိုးရန်နှင့် လယ်တဲများအမိုးပြုလုပ်ရန်တို့အတွက် အသုံးပြုကြသည်။ တောင်ထန်းများမှာ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင်ထွက်ရှိသည်။ ယခုမိုးရာသီရောက်ရှိလာပြီဖြစ်၍ အိမ်အမိုးများအသစ်လဲလှယ်ကြရန် တောင်ထန်းဖက်များကို ဝယ်ယူမှုများနေသဖြင့် ဈေးကောင်းရလျက်ရှိသည်။ ဈေးနှုန်းမှာ အကတ်၁၀၀လျှင် ၂၅၀၀၀ကျပ်အထိဈေးနှုန်းရရှိကြောင်းသိရှိရသည်။ ဘီးလင်းမြို့နယ်ရှိ အလူးလေး၊ အလူးကြီး၊ ပိုင်ဒဝယ်ကျေးရွာများတွင် တောင်ထန်းအများအပြားထွက်ရှိပြီး ထွက်ရှိလာသောတောင်ထန်းများကို ဒေသအတွင်းအသုံးပြုသည့်အပြင် ပဲခူးတိုင်းဒေသကြီးသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)